MPT Pay အက်ပလီကေးရှင်းမှ တစ်ဆင့်အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်များကို ဝယ်ယူပြီး အထူးလက်ဆောင် “၅၀ % ပြန်အမ်းငွေ” ရရှိနိုင်ပြီ

MPT Pay အက်ပလီကေးရှင်းမှ တစ်ဆင့်အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်များကို ဝယ်ယူပြီး အထူးလက်ဆောင် “၅၀ % ပြန်အမ်းငွေ” ရရှိနိုင်ပြီ


Ministry of Transport and Communications/ Naypyitaw / March 14, 2022
image_latest


(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်)- MPT Pay သည် သုံးစွဲသူများအတွက် MPT Pay အက်ပလီကေးရှင်း မှတစ်ဆင့်  အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များ  ဖြစ်သော “Data Carry Plus”  နှင့် “All in one ထောဘီ ၁၀ ဆ” ကိုဝယ်ယူလျှင် MPT Pay ၏ အထူးလက်ဆောင် ပြန်အမ်းငွေ E-money ၅၀%  ရရှိမည့် အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက် မှ ဧပြီလ ၁၂ ရက်အထိ ရယူနိုင်မည်ဖြစ်သည်။

အထက်ဖော်ပြပါ ပက်ကေ့ချ်များအတွက် E-money “၅၀% ပြန်အမ်းငွေ” အစီအစဉ်ကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT Pay အက်ပလီကေးရှင်းထဲရှိ “ဖုန်းငွေဖြည့် နှင့် ဒေတာ” icon မှတစ်ဆင့် ဝယ်ယူရန် လိုအပ်ပါသည်။ အဆိုပါ Auto-renewal ပက်ကေ့ချ်များသည် သုံးစွဲသူများအတွက် ဒေတာပြတ်လပ်မှုကို စိတ်ပူရန်မလိုဘဲ စဉ်ဆက်မပြတ်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်နှစ်မျိုးလုံးအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။

ပက်ကေ့ချ်များ နှုန်းထား (ကျပ်)
ကုန်သွယ်ခွန်ပါဝင်ပြီး
မူလဒေတာ ပမာဏ (ဒေတာပမာဏ ရက် ၃၀ သက်တမ်း) (MB) မူလဒေတာ ပမာဏ (ဒေတာပမာဏ ရက် ၃၀ သက်တမ်း) (MB) “၅၀% E-money ပြန်အမ်းငွေ” (ကျပ်) ထပ်ဆောင်းအကျိုးခံစားခွင့်များ မှတ်ချက်

Auto Renewal Data Carry Plus
၉၇၉
(Auto Renewal)
၄၇၀ - ၄၉၀
1000GB အထိ အပိုလက်ဆောင် ကံစမ်း ဒေတာ


MPT Pay
E-money ၅၀ % ပြန်အမ်းငွေ ကို တစ်ကြိမ်သာခံစားခွင့် ရရှိမည် ဖြစ်သည်

၁,၂၇၉
(Auto Renewal)
၆၁၅ - ၆၄၀


Auto Renewal All in One Htaw B 10x
၂,၉၀၀
(Auto Renewal)
- ၃၀,၀၀၀
(၁၅ ရက်)
၁၄၅၀ -
၄,၈၀၀
(Auto Renewal)
- ၅၀,၀၀၀
(၃၀ ရက်)
၂၄၀၀ -
၉,၆၀၀
(Auto Renewal)
- ၁၀၀,၀၀၀
(၉၀ ရက်)
၄၈၀၀ -

MPT Pay မှတစ်ဆင့် ပထမဆုံးအကြိမ် အလိုအလျောက်သက်တမ်းတိုးပက်ကေချ့်ဝယ်ယူသူများသည် E Money ပြန်အမ်းငွေ 50% ကို ရရှိမည် ဖြစ်သည်။  *၂ကြိမ်နှင့်အထက် ဝယ်ယူခြင်းအတွက် အပိုလက်ဆောင် ရရှိမည်မဟုတ်ပါ။ သို့သော် ပုံမှန်ဒေတာ (သို့) ပုံမှန်ထောဘီ ပမာဏကို ရရှိမည်ဖြစ်သည်။

အလိုအလျောက်သက်တမ်းတိုး (Auto-renewal) ပက်ကေ့ချ်များ ဝယ်ယူခြင်းအတွက် ၅၀ % E-money ပြန်အမ်းငွေကို ၂ ရက်အတွင်း MPT Pay Wallet အကောင့်သို့ ထည့်သွင်းပေးမည် ဖြစ်သည်။ ပြန်အမ်းငွေ ခံစားခွင့်များကို ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း၊ ပက်ကေ့ချ် ဝယ်ယူခြင်း၊ ဖုန်းငွေဖြည့်ခြင်း အစရှိသည်တို့အတွက် အသုံးပြုနိုင် ပါသည်။

အထူးအကျိုးခံစားခွင့်များကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT Pay Wallet အကောင့်ဖွင့်ထားရန်လိုအပ်ပြီး MPT Pay အက်ပလီကေးရှင်းကို https://bit.ly/MPTPayAndroid (Android အသုံးပြုသူများအတွက်) နှင့် https://bit.ly/MPTPay_iOS (iOS အသုံးပြုသူများအတွက်) တို့မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်ပါသည်။

MPT Pay သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု တစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၁၀ မှ ကိုယ်စားလှယ်ပေါင်း ၂၈,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ်နေပါသည်။ သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Pay ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ ငွေလွှဲပြောင်းခြင်း၊ MPT နှင့် အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်း၊ ငွေတောင်းခံလွှာများ ပေးချေခြင်း၊ MPT Pay ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်း၊ AYA ဘဏ် နှင့် CB ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ လူအများသို့ ငွေထုတ်ပေးခြင်း နှင့် လစာပေးခြင်းဆိုင်ရာဝန်ဆောင်မှု နှင့် ပင်စင်ဝန်ဆောင်မှုများ အပြင် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

MPT Pay နှင့် ပတ်သက်၍  အသေးစိတ် အချက်အလက်များ နှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ဖုန်းနံပါတ်များအတွက် MPT Pay Call Center 990 နှင့် အခြားမိုဘိုင်းဖုန်းများအတွက် 01-2323990 သို့ဆက်သွယ်နိုင်ပါသည်။