One pay Application ဖြင့်လည်း အွန်လိုင်းမှ ရွှေဝယ်ယူနိုင်ပြီဖြစ်ကာ ရွှေဝယ်ယူစုဆောင်းလိုသူများ YGEA အသင်းရုံးသို့ ဆက်သွယ်နိုင်
One pay Application ဖြင့်လည်း အွန်လိုင်းမှ ရွှေဝယ်ယူနိုင်ပြီဖြစ်ကာ ရွှေဝယ်ယူစုဆောင်းလိုသူများ YGEA အသင်းရုံးသို့ ဆက်သွယ်နိုင်
Ministry of Information/ Naypyitaw / January 24, 2024
ရန်ကုန် ဇန်နဝါရီ ၂၃
One pay Application ဖြင့်လည်း အွန်လိုင်းမှ ရွှေဝယ်ယူနိုင်ပြီဖြစ်ကာ ရွှေဝယ်ယူစုဆောင်းလိုသူများအနေဖြင့် ၎င်းတို့အသင်းရုံးသို့ ဆက်သွယ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း(YGEA)မှ သိရသည်။
One pay Application ဖြင့် ရွှေအရောင်းအဝယ်ပြုလုပ်နိုင်ရေးအတွက် AGD ဘဏ်၊ အကယ်ဒမီရွှေဆိုင်မှ တာဝန်ရှိသူများနှင့် YGEA က ဇန်နဝါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
UAB Pay ဖြင့် ရွှေဘုံသာ အခေါက်ရွှေဆိုင်မှ မီးလင်းရွှေများ ဝယ်ယူစုဆောင်းနိုင်ပြီးနောက် ယခုအခါ One pay Application ဖြင့် အကယ်ဒမီမီးလင်းရွှေများအား စုဆောင်း၍ အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Application ဖြင့် အွန်လိုင်းမှ ရွှေဝယ်ယူစုဆောင်းလိုသူများအနေဖြင့် အသင်းရုံးသို့ လာရောက်ဆက်သွယ်နိုင်ကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က အသိပေးထားသည်။
MT
