သာသနာဝင်မှတ်တမ်းထုတ်ပေးခြင်း

သာသနာဝင်မှတ်တမ်းထုတ်ပေးခြင်း


Ministry of Religious Affairs & Culture / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံးနေထိုင်ကြသော ရဟန်း၊ သာမဏေတို့သည် ရဟန်းသာမဏေအစစ်အမှန်အဖြစ် တရားဝင်အထောက်အထား ပြုနိုင်ရန် သာသနာဝင် မှတ်တမ်းကို ကိုင်ဆောင်ကြရမည် ဖြစ်ပါသည်။ သာသနာဝင်မှတ်တမ်း ထုတ်ပေးခြင်းကြောင့် ရဟန်းစစ်မဟုတ်ပါဘဲ ရဟန်းဟုဝန်ခံသူ(အသမဏော သမဏဋိည)၊ မြတ်သောအကျင့်ကို ကျင့်သူမဟုတ်ဘဲ မြတ်သောအကျင့်ကို ကျင့်သူဟု ဝန်ခံသူ (အဗြဟ္မစာရီ ဗြဟ္မစာရီပဋိည) အလဇ္ဇီ ဒုဿီလရဟန်းယောင်တို့၏ ဘေးရန်မှကင်းဝေးစေကာ သံဃသုဋ္ဌုသံဃဖာသု သဘောဖြင့် ရဟန်းကောင်းတို့ ချမ်းသာစွာသီတင်းသုံးနေထိုင်နိုင်မည် ဖြစ်ပါသည်။ သာသနာတော်သန့်ရှင်း၊ တည်တံ့ပြန့်ပွားရေးအတွက် အလွန်အရေးပါသော ဆောင်ရွက် ချက် တစ်ရပ် ဖြစ်ပါသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသည့်သာမဏေများနှင့် ရဟန်းသစ်များ အတွက် သာသနာဝင် မှတ်တမ်းရရှိစေရန် ရပ်/ကျေးသံဃနာယကအဖွဲ့က မြို့နယ်သံဃနာယကအဖွဲ့သို့ တင်ပြ ဆောင်ရွက် ရမည်ဖြစ်ပါသည်။ မြို့နယ် သံဃနာယကအဖွဲ့သည် သာသနာဝင်မှတ်တမ်းနှင့် သာသနာ့နွယ်ဝင်မှတ်တမ်း အသစ်ထုတ်ပေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ်သာသနာရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ အကူအညီကို ရယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သီးခြားဂိုဏ်းများအတွက် မည်သို့ထုတ်ပေးမည်၊ မည်သူကလက်မှတ် ထိုးရမည်စသည်ကို သက်ဆိုင်ရာ ဂိုဏ်းအစီအစဉ်အတိုင်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နောက်ဆုံးသံဃဝိနိစ္ဆယ အဖွဲ့ က သုဒ္ဓဟု အဆုံး အဖြတ်မခံရယူ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တင်ပြချက် အရ တိတ္ထိယပက္ကန္တအဖြစ် အဆုံးအဖြတ် ခံရသူ၊ အဓမ္မဝါဒကို စွန့်ရန် ငြင်းပယ်သဖြင့် ဥပေက္ခပနီပက္ကန္တအဖြစ် အဆုံးအဖြတ်ခံရသူ၊ လုပ်ထုံးလုပ်နည်း အပိုဒ်(၉၄)၊ အပိုဒ်ခွဲ(ည)အရ ကြဉ်ပယ်ခံရသူ၊ အဓမ္မဝါဒကို စွန့်ရန် ငြင်းပယ် သဖြင့် ဥက္ခေပနီယကံအပြုခံရသူ (ရဟန်းသာမဏေ) တို့၏ သာသနာဝင် မှတ်တမ်းကို ပြန်လည် သိမ်းဆည်းရန် သက်ဆိုင်ရာမြို့နယ်သံဃနာယက အဖွဲ့သို့ ညွှန်ကြားရမည်ဖြစ်ပါသည်။

မြို့နယ်သံဃနာယကအဖွဲ့သည် ကျောင်းအဖြစ် အသိအမှတ်မပြုသော ကျောင်းတိုက်နေ ရဟန်း၊ သာမဏေတို့အား သာသနာဝင်မှတ်တမ်း ထုတ်ပေးခြင်းမပြုရ။ ရဟန်း၊ သာမဏေများသည် အကြောင်းတစ်စုံတစ်ရာကြောင့် သာသနာဝင်မှတ်တမ်းပျောက်ဆုံးပျက်စီးခဲ့သော် စာအုပ်အမှတ်၊ ကိုယ်ပိုင် အမှတ်တို့ကိုတင်ပြ၍ ရပ်/ကျေးအုပ်စုသံဃနာယကအဖွဲ့ထံ တင်ပြလျှောက်ထားရမည်။ မြို့နယ်သံဃနာယကအဖွဲ့သည် ရပ်/ကျေးအုပ်စု သံဃနာယကအဖွဲ့ ဆရာတော်၏ ထောက်ခံချက်ဖြင့် သာသနာဝင်မှတ်တမ်းအမြန်ရရှိအောင် ဆောင်ရွက်ခြင်း၊ ယာယီလက်မှတ် ထုတ်ပေးခြင်းကို ပြုလုပ်ရမည်ဖြစ်ပါသည်။

လိုအပ်သော စာရွက်စာတမ်း များနှင့် လျှောက်ထားရန်အဆင့်များ

သာသနာဝင်တစ်ပါးချင်း မှတ်တမ်းပုံစံများ၌ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရေးသွင်းရမည်ဖြစ်သည်။ တစ်ပါးချင်းမှတ်တမ်းပုံစံများ ဖြည့်စွက်ရေးသားပြီးနောက် ကျောင်းထိုင်ဆရာတော်၊ ရပ်/ကျေးအုပ်စု သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်များက စိစစ်၍ အဆင့်ဆင့်လက်မှတ်ရေးထိုးပြီး မြို့နယ်ဦးစီးမှူးထံ ပုံစံ များကို အပ်နှံရမည် ဖြစ်ပါသည်။ 

မြို့နယ်ဦးစီးမှူးက ဝါဆိုသံဃာစာရင်းနှင့် ဖြည့်သွင်းရေးသားပြီး တစ်ပါးချင်း မှတ်တမ်းပုံစံများကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဝါဆို သံဃာစာရင်းတွင် မပါသည့် ရဟန်း၊ သာမဏေများ၏စာရင်းကို သီးခြားပြုစုခြင်း၊ ဝါဆိုသံဃာစာရင်းတွင် ပါဝင်သော်လည်း မှတ်တမ်းပုံစံရေးသွင်း မထားသည့် ရဟန်း၊ သာမဏေများစာရင်းကို သီးခြားပြုစုခြင်းတို့ကို ပြုလုပ်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ လျှောက်ထား၍ ဩဝါဒခံ ဆောင်ရွက်ပြုစုခြင်း၊ ဝါဆိုသံဃာစာရင်းတွင် ပါဝင်သော်လည်း မှတ်တမ်းပုံစံ ရေးသွင်းမထားသည့် ရဟန်း၊ သာမဏေများစာရင်းကို သီးခြားပြုစုခြင်းတို့ကို ပြုလုပ်၍ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ လျှောက်ထား၍ ဩဝါဒခံဆောင်ရွက်သွားရမည်ဖြစ်သည်။

ဝါဆိုသံဃာစာရင်းတွင် ပါဝင်ပြီးသော ရဟန်းသာမဏေတို့၏တစ်ပါးချင်း သာသနာဝင် မှတ်တမ်းပုံစံများအတွက် မှတ်တမ်းပါပုံစံပါ ရေးသားချက် များကို သာသနာဝင်မှတ်တမ်းတွင် ဖြည့်စွက်ရေးသားခြင်း၊ နေ့စဉ်မှတ်တမ်း စာရင်းပြုစုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဂဏန်း၊ အမှတ်စဉ်၊ မြို့နယ် အက္ခရာနှင့်တကွ သာသနာဝင်မှတ်တမ်းရိုက်နှိပ်ခြင်းတို့ကို မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ရမည် ဖြစ်ပါသည်။

သာသနာဝင်မှတ်တမ်းကိုင်ဆောင်မည့် ရဟန်းသာမဏေတစ်ပါး ချင်း၏ ဓာတ်ပုံ ၃ ပုံ ကျောဘက်တွင် ဘွဲ့တော်၊ ခမည်းတော်အမည်၊ သီတင်း သုံးရာကျောင်းတိုက်ရေးသားစေ၍ လက်မှတ်ရေးထိုးစေရမည် ဖြစ်သည်။

ကျောင်းထိုင်ဆရာတော်က လက်မှတ်ရေးထိုး၍ ဓာတ်ပုံ ၃ ပုံနှင့်တကွ သာသနာဝင် မှတ်တမ်းစာအုပ်ကို မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံ ပေးပို့ရမည်။ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံပေးပို့ရမည်။ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က စိစစ်၍ မိမိနှင့်သက်ဆိုင်သော အချက်အလက်များကို ဖြည့်စွက်၍ လက်မှတ် ရေးထိုးကာ မြို့နယ်ဦးစီးမှူးထံ ပေးပို့ရမည်။ မြို့နယ်ဦးစီးမှူးသည် မိမိလက်ဝယ်ရရှိသည့် သာသနာဝင် မှတ်တမ်းများတွင် သက်ဆိုင်ရာ ဓာတ်ပုံတစ်ပုံကို ကပ်ရမည်ဖြစ်ပါသည်။ ကျန်ဓာတ်ပုံ ၂ ပုံကို မှတ်တမ်းပုံစံ ၂ စောင်စီတွင် ကပ်၍ ဦးစီးမှုနှင့်သက်ဆိုင်သော ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆောင်ရွက်ပြီး လက်မှတ်ရေးထိုးထားရမည်ဖြစ်ပါသည်။ လက်မှတ်ရေးထိုးပြီးသည့် သာသနာဝင် မှတ်တမ်းစာအုပ်များကို လိုအပ်သည့်စာရင်းပုံစံတွင်ဖြည့်စွက်၍ မြို့နယ်သံဃနာယက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာသံဃာတစ်ပါးချင်း၏ လက်ဝယ်အရောက် ကျောင်းထိုင်ဆရာတော်များမှ တစ်ဆင့် အဆင့်ဆင့်ဆက်ကပ်သွားရမည် ဖြစ်ပါသည်။

ဝန်ဆောင်ခ

အခမဲ့

ဆက်သွယ်ရမည့်လိပ်စာ

သာသနာ့ရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ဥတ္တရကုရုကျောင်းဆောင်၊ ကမ္ဘာအေး ကုန်းမြေ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း၀၁-၆၆၀၇၉၉

တည်နေရာများ

တိုင်းဒေသကြီး/ပြည်နယ်ရှိ သာသနာရေးမှူးရုံးများ၊ ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးများ သို့လည်း လျှောက်ထားနိုင်ပါသည်။

Website လိပ်စာ

မရှိပါ။



Services (Online) - 2 items

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

Ministry of Religious Affairs & Culture / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

Ministry of Planning and Finance / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating
HOT NEWS
January 4,