သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်/ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်လျှောက်ထားခြင်း (ရဟန်း / သီလရှင်/လူပုဂ္ဂိုလ်)

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်/ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်လျှောက်ထားခြင်း (ရဟန်း / သီလရှင်/လူပုဂ္ဂိုလ်)


Ministry of Religious Affairs & Culture / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က) နှစ်စဉ်ဇွန်လ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှတိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရအဖွဲ့ရုံးများသို့ ဘွဲ့တံဆိပ်တော် လျှောက်ထားလွှာများ တင်ပြနိုင်ရေး အဆိုပြုလွှာပုံစံများနှင့်တကွ ပေးပို့ရမည်။

(ခ) တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးမှူးရုံးများက မိမိတို့ ကြီးကြပ်မှုအောက်ရှိ ခရိုင်/မြို့နယ်သာသနာရေးမှူးရုံးများသို့ မိမိ ဒေသအတွင်း ဘွဲ့တံဆိပ်တော် အဆိုပြုလိုသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိလ်များ ရှိပါက တင်ပြပေးနိုင်ရေး အကြောင်းကြားရမည်။

(ဂ)    သက်ဆိုင်ရာဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်းနှင့် ပြည့်စုံသည့်သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များကဘွဲ့တံဆိပ်အဆိုပြုလွှာ၌ ဖော်ပြရမည့် ထေရုပ္ပတ္တိ/ အတ္ထုပ္ပတ္တိနှင့်အတူ သက်ဆိုင်ရာ မြို့နယ် သံဃနာယကအဖွဲ့၏ထောက်ခံချက်၊ မြို့နယ်/ ခရိုင်သာသနာရေးမှူးရုံး၏ထောက်ခံချက်၊ မြို့နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်များဖြင့် ဓာတ်ပုံ ၄"× ၆" (၄)ပုံ၊ လိုင်စင်ဓာတ်ပုံ(၅)ပုံပါဝင်စေလျက် သက်ဆိုင်ရာ မြို့နယ်သာသနာရေးမှူးရုံးသို့ အဆိုပြုလွှာတင်ရမည်။

(ဃ) မြို့နယ်သာသနာရေးမှူးသည် အချက်အလက်များစိစစ်၍ လက်ခံပြီးပြည့်စုံသော အဆိုပြုလွှာများကို တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးရုံးသို့ ပေးပို့ရမည်။

(င)    တိုင်းဒေသကြီး / ပြည်နယ်သာသနာရေးမှူးရုံးက ဘွဲ့တံဆိပ်အဆိုပြုလွှာ များကို ဘွဲ့တံဆိပ်တော် စိစစ်ရေးအဖွဲ့ဖြင့် ထပ်မံစိစစ်ကာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ ပေးပို့ရမည်။

(စ)   တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့က ဘွဲ့တံဆိပ်အဆိုပြုလွှာများကို ဘွဲ့တံဆိပ် စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ပြီးသာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နေပြည်တော်သို့ ပေးပို့ရမည်။

(ဆ)  နေပြည်တော်တွင် ဌာနတွင်းစိစစ်ရေးအဖွဲ့ဖြင့် စိစစ်ရွေးချယ်သည့် လုပ်ငန်း ဆောင်ရွက် နေစဉ် ပဏာမစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှူးရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သို့ ပေးပို့၍ ကိုယ်ရေးနောက်ကြောင်း စိစစ်ရမည်။

(ဇ)    ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်းများပါဝင်သည့် နယ်မြေကွင်းဆင်းစိစစ်ရေးအဖွဲ့များကို ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ စေလွှတ်၍ ဘွဲ့အဆိုပြုသူများ၏ မြေပြင်အခြေအနေအမှန်ကို စိစစ်ရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

မရှိပါ။

ဆက်သွယ် ရမည့်လိပ်စာ

တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံး

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံး

Website လိပ်စာ

မရှိပါ။



Services (Online) - 2 items

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

Ministry of Religious Affairs & Culture / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

Ministry of Planning and Finance / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating