သာသနာပြုဌာနအဖြစ်အသိအမှတ်ပြုရန်လျှောက်ထားခြင်း

သာသနာပြုဌာနအဖြစ်အသိအမှတ်ပြုရန်လျှောက်ထားခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများအထိုက်အလျောက်ရှိခြင်း၊

လေလုံမိုးလုံ (၂)နှစ်အထက်ခိုင်မာသော ယာယီကျောင်း ဆောက်လုပ်ပြီးဖြစ်ခြင်း၊

သင့်တင့်မျှတသော ဆွမ်းကွမ်းထောက်ပံ့နိုင်သောဒေသဖြစ်ခြင်း၊

လိုအပ်သောစာရွက်စာတမ်းများ

(၁) ကျောင်းနှင့်မြေအား လှူဒါန်းသည့်စာချုပ်(မူရင်း)။

(၂) မြေစာရင်းပုံစံ (၁၀၅)(၁၀၆) မူရင်း။

(၃) မြို့နယ်သံဃနာယက၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သာသနာရေးမှူးတို့၏ ထောက်ခံချက်။

(၄) လှူဒါန်းမည့်ကျောင်းသည် မိုးလုံလေလုံ (၂)နှစ်အထက် ခိုင်မာသော ယာယီကျောင်းဆောက်လုပ်ပြီဖြစ်ကြောင်း ထောက်ခံချက်။

(၅) လှူဒါန်းသည့်ကျောင်းအား နောက်နောင်တွင် အကြည်ညိုခံ ကျောင်းဖြင့် ပြောင်းလဲခြင်း မပြုပါကြောင်း ဝန်ခံကတိ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

သာသနာပြုဌာနဖွင့်လှစ်လိုသည့် ရပ်ကွက်/ကျေးရွာ

အဆင့်(၂)

သာသနာပြုဌာနဖွင့်လှစ်လိုသည့် ရပ်ကွက်/ကျေးရွာမှ တစ်ဆင့် မြို့နယ်သာသနာရေးမှူး

အဆင့်(၃)

မြို့နယ်သာသနာရေးမှူးမှတစ်ဆင့် သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာန

ဆက်သွယ်ရမည့်လိပ်စာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ရုံးအမှတ် (၃၁)၊ နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်တိုင်းဒေသကြီး။

ဖြည့်စွက်ချက်

ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့မှ အသိအမှတ်ပြုပါသည်။

Website လိပ်စာ

မရှိပါ။



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating