ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းအဖြစ် လျှောက်ထားခြင်း

ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်းအဖြစ် လျှောက်ထားခြင်း


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁) ကျူးကျော်ကျောင်းမဟုတ်ခြင်း။

(၂) မြို့နယ်သံဃနာယကအဖွဲ့၏ ဝါဆိုသံဃာစာရင်းဝင်ကျောင်း ဖြစ်ခြင်း။

(၃) ဝိဝါဒ၊ အနုဝါဒ အဓိကရုဏ်းနှင့် နိုင်ငံရေးပြစ်မှု ကင်းရှင်းခြင်း။

(၄) ကျောင်းဆောင်အဆောက်အဦနှင့် ကျောင်းသုံးပရိဘောပြည့်စုံခြင်း။

(၅) အရည်အချင်းပြည့်မီသောဘုန်းတော်ကြီး၊ ဆရာ/ဆရာမအင်အား ရှိခြင်း။

(၆) ကျောင်းသားအင်အားမှာ ကျေးလက်ဒေသများတွင် အနည်းဆုံး (၂၀)ဦး၊ မြို့ပေါ်ဒေသ များတွင်အနည်းဆုံး (၄၀)ဦးရှိသည့် ကျောင်းသား အင်အားစာရင်း။

လိုအပ်သောစာရွက်စာတမ်းများ

(၁) မြို့နယ်သံဃနာယကအဖွဲ့၏ဝါဆိုသံဃာစာရင်းဝင်ကျောင်း ဖြစ်ကြောင်းထောက်ခံချက်။

(၂) ဝိဝါဒ၊ အနုဝါဒ အဓိကရုဏ်းနှင့် နိုင်ငံရေးပြစ်မှုကင်းရှင်းကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်။

(၃) ကျူးကျော်ကျောင်းမဟုတ်ကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ထောက်ခံချက်။

(၄) မြို့နယ်ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ထောက်ခံချက်။

(၅) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေး အဖွဲ့ ထောက်ခံချက်။

(၆) တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်သာသနာရေးမှူးတို့၏ ထောက်ခံချက်များ။

(၇) ဆရာ/ဆရာမ အင်အားစာရင်းနှင့် ကိုယ်ရေးအချက်အလက်များ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထား ခြင်း။

အဆင့်(၂)

မြို့နယ်ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး ကြီးကြပ်ရေးအဖွဲ့ မှတစ်ဆင့် တိုင်းဒေသကြီး / ပြည်နယ် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးကြီးကြပ်ရေး အဖွဲ့သို့ လျှောက်ထားခြင်း။

အဆင့်(၃)

တိုင်းဒေသကြီး/ပြည်နယ် ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားရေး ကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးရုံးသို့ လျှောက်ထားခြင်း။

အဆင့်(၄)

တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးမှတစ်ဆင့်  သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနသို့ လျှောက်ထားခြင်း။

ဆက်သွယ်ရမည့်လိပ်စာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊

ရုံးအမှတ်(၃၁)၊ နေပြည်တော်။

ဖြည့်စွက်ချက်

အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ ချမှတ်သောမူဝါဒနှင့်အညီ ဆောင်ရွက်ပါသည်။

Website လိပ်စာ

မရှိပါ။



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating