သာသနတက္ကသီလမဟာဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲအတွက် လျှောက်ထားခြင်း

သာသနတက္ကသီလမဟာဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲအတွက် လျှောက်ထားခြင်း


Ministry of Religious Affairs & Culture / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(၁) သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟ ဓမ္မာစရိယဘွဲ့၊ စေတီယင်္ဂဏဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

(၂) အသက်(၃၅)နှစ်၊ သိက္ခာ(၁၅)ဝါထက် မကြီးသူဖြစ်ပြီး ဥပတိသမ္ပတ္တိ နှင့်ပြည့်စုံ၍ ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။

(၃) သာသနာတက္ကသိုလ် မဟာဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ တက် ရောက်ခွင့် ပြုခြင်း။

(၄) သာသနတက္ကသီလဓမ္မာစရိယဘွဲ့ရရှိပြီးသူများသည် မိမိတို့ ဘွဲ့ရရှိရာ တက္ကသိုလ်၌သာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်။

(၅) ဝင်ခွင့်စာမေးပွဲ၌ သာသနတက္ကသီလဓမ္မာစရိယတန်း စတုတ္ထနှစ် သင်ရိုးတိုင်းဖြစ်ပြီး စတုတ္ထနှစ်စာမေးပွဲနှင့် အဆင့်တူမေးခွန်း များကို ဖြေဆိုရမည်။

(၆) သာသနာ့တက္ကသိုလ်တက်ရောက်ဆဲဖြစ်သော ပုဂ္ဂိုလ်များထဲမှ သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိပြီးသော သင်တန်းသားကို မဟာဓမ္မာ စရိယတန်းသို့ အတန်းကျော်၍ သင်ယူလိုလျှင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုမည်။

(၇) ဝင်ခွင့်စာမေးပွဲမအောင်မြင်ပါက ၄င်းတက်ရောက်သင်ကြားဆဲဖြစ်သော အတန်း၌ ပြန်လည် တက်ရောက် သင်ကြားခွင့်ပြုမည်။

(၈)  သာသနာ့တက္ကသိုလ်ကပေးအပ်သောဘွဲ့ကို ရရှိပြီးသောအခါ သာသနာ့တက္ကသိုလ်က ပေးအပ်သောတာဝန်ကို အနည်းဆုံး (၂)နှစ်၊(၂၄)လ မပျက်မကွက် တာဝန်ယူ ထမ်းဆောင်ရမည်။

(၉) နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုသွားရောက်ပြီး ပုဂ္ဂိုလ်ဖြစ်ပါက နောက်ထပ် သာသနာပြုစေလွှတ်မည် မဟုတ်ပါ။

လိုအပ်သောစာရွက်စာတမ်းများ

(၁) သာသနာဝင်မှတ်တမ်းမူရင်း၊ မိတ္တူ

(၂) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့အရွယ်  ဓါတ်ပုံ(၂)ပုံ၊ သာသနတက္ကသီလ ဓမ္မာစရိယအောင်လက်မှတ်မူရင်း၊ မိတ္တူ(သို့) သာသနဓဇဓမ္မာစရိယအောင်လက်မှတ် မူရင်း၊ မိတ္တူ (သို့) သကျသီဟဓမ္မာစရိယအောင် လက်မှတ်မူရင်း၊မိတ္တူတို့ကို ယူဆောင် လာရမည်။

(၃) ဝင်ခွင့်ဖြေဆိုသောသူများသည် လျှောက်လွှာပုံစံများကို ဖြေဆိုသူ ကိုယ်တိုင်သက်ဆိုင်ရာ မော်ကွန်းရုံး၌ လာရောက်ထုတ်ယူရမည်။ ကိုယ်တိုင် မလာရောက်နိုင်လျှင် ကိုယ်စား လှယ် လွှတ်၍ လျှောက်လွှာ ထုတ်ယူနိုင်သော်လည်း လျှောက်လွှာပြန်လည် တင်သွင်းသည့်အခါ ဖြေဆိုမည့်သူ ကိုယ်တိုင်သာ ပြန်လည် တင်သွင်းရမည်။

မှတ်ချက်။         ယခုနှစ်မှ အောင်မြင်ခဲ့သော အရှင်မြတ်များသည် သာသနတက္ကသီလ ဓမ္မာစရိယ အောင်လက်မှတ်မူရင်း၊ မိတ္တူ(သို့) သာသနဓဇဓမ္မာစရိယ အောင်လက်မှတ်မူရင်း၊ မိတ္တူ (သို့) သကျသီဟ ဓမ္မာစရိယ အောင်လက်မှတ် မူရင်း၊ မိတ္တူတို့ကို တင်ပြရန် မလိုပါ။

ဝန်ဆောင်ခ

မရှိပါ။

လျှောက်ထားရန်အဆင့်များ

ဝင်ခွင့်ဖြေဆိုသောသူများသည်  လျှောက်လွှာပုံစံများကို  ဖြေဆိုသူ ကိုယ်တိုင် သက်ဆိုင်ရာ မော်ကွန်းရုံး၌ လာရောက်ထုတ်ယူရမည်။ ကိုယ်တိုင်မလာရောက်နိုင်လျှင် ကိုယ်စားလှယ် လွှတ်၍ လျှောက်လွှာ ထုတ်ယူနိုင်သော်လည်း လျှောက်လွှာပြန်လည်တင်သွင်းသည့်အခါ ဖြေဆိုမည့်သူကိုယ်တိုင်သာ ပြန်လည်တင်သွင်းရမည်။

ဆက်သွယ်ရမည့်လိပ်စာ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊မော်ကွန်းထိန်း ဌာန၊ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်။

ဖုန်း ၀၁-၆၆၂၁၄၈၊ ၀၉၅၁၈၃၄၇၁

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်းရုံး၊ ၆၂ လမ်း၊ ရွှေကျောင်းကြီးအရှေ့၊  ဖုန်း ၀၂-၆၆၉၀၁

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်းဌာန၊ ကမ္ဘာအေးကုန်းမြေ၊ မရမ်းကုန်းမြို့နယ်။ ဖုန်း ၀၁-၆၆၂၁၄၈၊ ၀၉၅၁၈၃၄၇၁

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်းရုံး၊ ၆၂ လမ်း၊ ရွှေကျောင်းကြီးအရှေ့၊

ဖုန်း ၀၂-၆၆၉၀၁

ဖြည့်စွက်ချက်

သာသနတက္ကသီလမဟာဓမ္မာစရိယတန်း ဝင်ခွင့်စာမေးပွဲတွင် ဖြေဆို ရမည့် ဘာသာရပ်များ

(၁)  ဝိနည်းဘာသာရပ်

(၂) သုတ္တန်ဘာသာရပ်

(၃) အဘိဓမ္မာဘာသာရပ်

(၄) ပါဠိဘာသာရပ်

(၅) မြန်မာစာဘာသာရပ်

(၆) အင်္ဂလိပ်စာဘာသာရပ်

(၇) ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်

- ပထမနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပပါသည်။

ပညာသင်ကာလနှင့်သင်တန်းချိန်

- နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်း နှစ်ဝက်နှင့် နယုန်လဆန်း (၁)ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ် ရက်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်း လကွယ်နေ့အထိ သတ်မှတ်ထားပါသည်။ သင်တန်းချိန်အား လစဉ် လပြည့်၊ လကွယ်၊ (၇)ရက် အဖိတ်၊(၈)ရက်ဥပုသ်နေ့များမှအပ နေ့စဉ် နံနက် (၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ (၁၀:၀၀) နေ့စာသင်ချိန်၊ (၁၀:၃၀)နာရီမှ(၁၁:၀၀)နာရီထိ နေ့ဆွမ်း၊ နေ့လည်(၁၃:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအထိ ညနေစာသင်ချိန်၊ ညနေ (၁၇:၄၅) နာရီမှ (၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။

Website လိပ်စာ

မရှိပါ။



FAQs

Services (Online) - 2 items

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း

Ministry of Religious Affairs & Culture / July 06, 2022

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...

Rating

မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း

Ministry of Planning and Finance / June 24, 2020

https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...

Rating