ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ထုတ်ပေးခြင်း
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ထုတ်ပေးခြင်း
Ministry of Labour / April 10, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်လျှောက်ထားလိုသူသည် ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီမှတ်ပုံတင် လက်မှတ် ရရှိပြီးဖြစ်ရမည်။ နိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ရမည်။
ဝန်ဆောင်ခ
ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် -
လိုင်စင်အာမခံကြေး - ကျပ် ၃၀ သိန်း (လုပ်ငန်းရပ်ဆိုင်း၍ လိုင်စင်ပြန်လည်ပြန်လည်အပ်နှံသည့်အခါ ပြန်လည်ထုတ်ယူခွင့်ရှိသည်)
လိုင်စင်နှစ်စဉ်ကြေး - ကျပ် ၅၀၀၀၀ိ/-
ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်လျှောက်ထားလိုသော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့် လိုင်စင်လျှောက်ထားရာတွင်
- ကုမ္ပဏီ Letterhead ဖြင့်လျှောက်လွှာ၊
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊
- ကုမ္ပဏီဒါရိုက်တာများ၏ကိုယ်ရေးအချက်အလက်၊
- ကုမ္ပဏီဒါရိုက်တာများ၏မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုစာရင်းမိတ္တူ၊
- MD ၏ရဲစခန်းထောက်ခံစာ၊
- MD ၏ရပ်ကွက်ထောက်ခံစာ၊
- MD ၏ပိုင်ဆိုင်မှုအထောက်အထား၊
- ကုမ္ပဏီရုံးခန်းဖွဲ့စည်းပုံဓါတ်ပုံ၊
- ဝန်ထမ်းအင်အားစာရင်းများဖြင့်လျှောက်ထားရမည်ဖြစ်ပါသည်။
လျှောက်ထားရန်အဆင့်များ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ MD ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
နေပြည်တော်
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
လိပ်စာ-ရုံးအမှတ်(၅၁)၊ နေပြည်တော်
Website လိပ်စာ
မရှိပါ
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု
Ministry of Home Affairs / July 23, 2024
၂၄-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့်
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)
Ministry of Home Affairs / July 23, 2024
မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
Ministry of Hotel & Tourism / April 20, 2023