ကန်ထရိုက်မှတ်ပုံတင်လျှောက်ထားခြင်း
ကန်ထရိုက်မှတ်ပုံတင်လျှောက်ထားခြင်း
Ministry of Construction / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
လျှောက်ထားသည့်ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီသည် ပြည်တွင်းတွင် မှတ်ပုံတင်သက်တမ်းမကုန်သေးသော ကုမ္ပဏီဖြစ်ရမည် ။ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ အဆောက်အဦဦစီးဌာန၊ ရုံးအမှတ်(၄၀)တွင် လာရောက် လျှောက်ထားရမည်။
(က) ကုမ္ပဏီနှင့်ပတ်သက်သောအချက်အလက်များပြည့်စုံစွာ ပါရှိရမည်။
( ခ ) အဆောက်အဦးဦးစီးဌာနမှ ထုတ်ပေးသည့် ပုံစံတွင်စနစ်တကျဖြည့်စွက်ကာ တောင်းခံထားသော အချက်အလက်များ ပြည့်စုံစွာ အသေးစိတ်ထည့်သွင်းရပြီး အဆောက်အဦဦးစီးဌာနသို့ ပြန်လည်တင်ပြ လျှောက်ထားရမည်။
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သော စာရွက်စာတမ်းများ
ကုမ္ပဏီနှင့်ပတ်သက်သောစာရွက်စာတမ်းအပြည့်အစုံ
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
ရုံးအမှတ် (၄၀) အဆောက်အဦဦးစီးဌာနတွင် ပုံစံလာရောက် တောင်းခံခြင်း၊
အဆင့်-၂
ကုမ္ပဏီမှ လိုအပ်သည်များဖြည့်စွက်ခြင်း၊
အဆင့်-၃
အဆောက် အဦဦးစီးဌာနသို့လာရောက်တင်ပြလျှောက်ထားခြင်း၊
အဆင့်-၄
စိစစ်ရေးအဖွဲ့မှ စိစစ်ခြင်းနှင့် အတည်ပြုရွေးချယ်ခြင်း၊
ဆက်သွယ်ရမည့် လိပ်စာ
နေပြည်တော်
အဆောက်အဦဦးစီးဌာန၊ ရုံးအမှတ် (၄၀)
ဖုန်းနံပါတ်-၀၆၇-၄၀၇၅၄၁
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
နေပြည်တော်
Website လိပ်စာ
http://www.construction.gov.mm
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု
Ministry of Home Affairs / July 23, 2024
၂၄-၃-၂၀၂၃ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm website တွင် Online Appointment စနစ်ဖြင့်
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)
Ministry of Home Affairs / July 23, 2024
မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
Ministry of Hotel & Tourism / April 20, 2023