ဆက်သွယ်ရေးစက်ပစ္စည်းများတင်သွင်းခွင့်လျှောက်ထားခြင်း(ပြည်ပ)
ဆက်သွယ်ရေးစက်ပစ္စည်းများတင်သွင်းခွင့်လျှောက်ထားခြင်း(ပြည်ပ)
Ministry of Transport and Communications / December 28, 2021
ပြည်ပမှတင်သွင်းခွင့်လျှောက်ထားခြင်း
ဆက်သွယ်ရေးစက်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ “ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်” သို့ လိပ်မူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကွန်ယက်အထောက်အကူပြုပစ္စည်း (သို့မဟုတ်) ဆက်သွယ်ရေးစက်ပစ္စည်းများ၏ နည်းပညာဆိုင်ရာစံချိန်စံညွှန်းကို စိစစ်ပြီး ထောက်ခံချက် ထုတ်ပေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဆက်သွယ်ရေးဥပဒေ အခန်း(၈) နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ ပုဒ်မ ၂၇ အရ ကွန်ရက် အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးစက်ပစ္စည်း တစ်မျိုးမျိုးကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်း ပြုလုပ်လိုသူသည် မိမိထုတ်လုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ဖြန့်ချိခြင်းပြုမည့် ကွန်ယက်အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေး စက်ပစ္စည်း အမျိုးအစားများ၏ နည်းပညာဆိုင်ရာ စံချိန်စံညွှန်း ထောက်ခံချက်ရရှိရန် သတ်မှတ် ထားသည့်အတိုင်း ဦးစီးဌာနသို့ လျှောက်ထားရမည်။
၃။ ဆက်သွယ်ရေးစက်ပစ္စည်းများ ပြည်ပမှတင်သွင်းရာ၌ နည်းပညာဆိုင်ရာ စံချိန်စံညွှန်း ထောက်ခံချက် လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ
- ကုမ္ပဏီခေါင်းစည်းဖြင့်လျှောက်ထားလွှာ (Company Letter Head)
- ကုန်ရောင်း/ဝယ်ပြေစာ (Invoice)
- နည်းပညာဆိုင်ရာအချက်အလက်များဖော်ပြထားသောပစ္စည်း၏ပုံ (Catalouge)
- သက်ဆိုင်ရာဝန်ကြီးဌာန၏ထောက်ခံစာ(လိုအပ်ပါက)
- ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (သို့) ရောင်းဝယ်ခွင့်နှင့် စမ်းသပ်ပြသခွင့်လိုင်စင် (ရရှိထားပါက)
- ကုမ္ပဏီမှတ်ပုံတင်ကဒ်၊ ပုံစံ ၆နှင့် ပုံစံ ၂၆ (မိတ္တူမှန်)
- အသုံးပြုလိုသည့် လှိုင်းနှုန်းနှင့် နေရာ (ရေဒီယို နှင့် ဂြိုဟ်တု စက်ပစ္စည်းများ အတွက်) (Frequency usage)
- Specific Absorption Rate (SAR) စိစစ်ချက်မှတ်တမ်း (မိုဘိုင်းSIM Card အသုံးပြုသည့် စက်ပစ္စည်းများအတွက်သာ)
(Regulator မှ နည်းပညာပိုင်းဆိုင်ရာ Type Approval မပေးနိုင်မီကာလတွင် ICNIRP-International Commission on Non-Ionizing Radiation Protection ၊ FCC-Federal Communication Commission အစရှိသည့် International standard setting body မှ သတ်မှတ်ပြဋ္ဌာန်းထားသော Specific Absorption Rate = 2.0 w/kg အတွင်းရှိကြောင်း Laboratory တစ်ခုခုမှ Test Report ) - ကုန်စည်လိုင်းနံပါတ် Harmonized System Code (HS Code)/ ASEAN Harmonized Tariff Nonmenclature(AHTN)အား ထည့်သွင်းဖော်ပြရန်
FAQs
ရေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင် အသုံးပြုခွင့် online မှတစ်ဆင့်လျှောက်ထားခြင်း
Ministry of Transport and Communications / July 26, 2024
လေကြောင်းစခန်းသုံးလှိုင်းနှုန်းခွင် အသုံးပြုခွင့် online မှတစ်ဆင့်လျှောက်ထားခြင်း
Ministry of Transport and Communications / July 26, 2024
Take appointment for driving license test in Yangon through online booking system
Ministry of Transport and Communications / October 24, 2019