ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားခြင်း

ရောင်းဝယ်ခွင့်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားခြင်း


Ministry of Transport and Communications / December 28, 2021

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(/၂၀၀၃)အရ ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့်စမ်းသပ် ပြသခွင့်လိုင်စင်အားဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ရရှိထားသည့် ကုမ္ပဏီများသည် ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ တင်သွင်းရောင်းချလိုပါက ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများရောင်းဝယ်ခွင့်လိုင်စင် နှင့်စမ်းသပ်ပြသခွင့်လိုင်စင်လျှောက်ထားရပါမည်။ လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ()၊ နေပြည်တော်သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။

  •  

မန်နေဂျင်းဒါရိုက်တာလက်မှတ်ထိုး၍ ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

  •  

ရဝ/စသ ၀၀၁-ပုံစံ

  •  

Invoice

  •  

Catalogue

  •  

SAR TEST report (Mobile Handset အတွက်သာ)

  •  

ကုမ္ပဏီမှတ်ပုံတင် / Form VI / XXVI

  •  

ဝင်ငွေခွန် အခွန်ကင်းရှင်းကြောင်း အထောက်အထား

  •  

မန်နေဂျင်းဒါရိုက်တာ၏ မှတ်ပုံတင်တို့ ပူးတွဲပါဝင်ရပါမည်။

   

အထက်ပါ ပူးတွဲတင်ပြချက်များပြည့်စုံစွာဖော်ပြ၍ စက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့အစည်း အဝေးသို့ဆက်လက်တင်ပြရပါသည်။ ထိုသို့လျှောက်ထားလာသည့်ကုမ္ပဏီများမှ တင်ပြချက်များအားစက်ပစ္စည်းတင်သွင်းခွင့်စိစစ်ရေးအဖွဲ့ဝင်များမှ စိစစ်ဆုံးဖြတ်ပြီးမှသာ သက်ဆိုင်ရာကုမ္ပဏီများသို့ လိုင်စင်လျှောက်ထားမှုအပေါ်အကြောင်းကြားစာပေးပို့ပါသည်။

လိုင်စင်အခကြေးငွေများမှာ ရောင်းဝယ်ခွင့်လိုင်စင်အတွက် တစ်သိန်းကျပ်၊ စမ်းသပ်ပြသခွင့် လိုင်စင်အတွက်တစ်သောင်းကျပ်နှင့် ပြင်ဆင်ခွင့်လိုင်စင်အတွက် ငါးသောင်းကျပ် ဖြစ်ပြီး အဆိုပါလိုင်စင်သက်တမ်းမှာတစ်နှစ်ဖြစ်ပါသည်။လိုင်စင်သက်တမ်းတစ်နှစ်ကုန်ဆုံးပါက သက်တမ်း ထပ်မံတိုးရပါမည်။



FAQs

Services (Online) - 3 items
HOT NEWS
January 4,