ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ

 ဝေါမြို့နယ်တွင် ငွေကျပ် ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 19, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး၌ သတင်းအရစောင့်ဆိုင်းစဉ် နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီခန့်တွင် မှိုင်းဆွေမောင်းနှင်လာသော ISUZU ခြောက်ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ခန့်မှန်းတန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဆက်စပ်သတင်းများအရ အဆိုပါဖမ်းဆီးရမိစိတ်ကြွဆေးပြားများအား မန္တလေးမှဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ မန္တလေးမြို့နေ မြတ်မင်းဦး(ဖမ်းဆီးရန်ကျန်)နှင့် ဖမ်းဆီးရမိမော်တော်ယာဉ်အား မန္တလေးမြို့ စွယ်တော်ကားဝင်းအနီးသို့ လာရောက်ပို့ဆောင်သူမှာ ပြင်ဦးလွင်မြို့နေ အောင်မျိုးဝင်း(ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကြောင်းသိရှိရပြီး မန္တလေးမှဘားအံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025
AnnouncementsExplore more >

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

Posted on Nov 18, 2025

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Nov 12, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

HOT NEWS
January 4,