ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာထောက်ပံ့

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ဆန်ရိက္ခာထောက်ပံ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 03, 2024


ဘားအံ - မေ (၃)

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်၊ကျေးရွာအုပ်စု များအတွင်း ဝင်ရောက်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများနှင့်တိုက်ပွဲများဖော်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူ များသည် ဘားအံ၊ လှိုင်းဘွဲ၊ မြိုင်ကြီးငူ၊ ကမမောင်းဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှထောက်ပံ့သည့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း နယ်မြေမတည်ငြိမ်မှု များကြောင့် ယာယီပြောင်းရွှေ့အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ ဦးသည် နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရပြီး စားသောက်နေထိုင်ရေးအဆင်ပြေစေရန် မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ဆီအစရှိသော စားသောက်ကုန်ပစ္စည်းများကူညီထောက်ပံ့ပေးခဲ့ရကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှဆောင်ရွက်၍မရဘဲ ဒေသခံများကိုယ်တိုင် ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့ပြည်သူများအနေဖြင့် ယာယီနေထိုင်သည့်ကာလအတွင်း စည်းစည်းလုံးလုံးနေထိုင်ကြ စေလိုပြီး ရာသီဥတုပူပြင်းသည့်ကာလဖြစ်သည့် အတွက် ကျန်းမာရေးကိုအထူးဂရုစိုက် ကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်း ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ကြရန်၊ စည်းကမ်းနှင့်အညီနေထိုင်ပြီး တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုများကိုနာခံ၍ ဆရာတော်ကြီးများနှင့်သက်ကြီး ရွယ်အိုများ၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ဘားအံမြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်၊ မိကရင်၊ လှာကဒေါင်၊ လှာကာ၊ အုန်းတပင်၊ လက္ခဏ၊ အိန္ဒဲ၊ ဗျက္ခ၊ စံဖရီး၊ လှာကမြင်ကျေးရွာအုပ်စုများတွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၁၃၉၅)စု၊ လူဦးရေ(၅၄၉၄)ဦးအတွက် ဆန် ၃၈၆၂ အိတ် ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့နေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးကကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။

ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များအဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦးတို့အား တစ်ဦးလျှင် ဆန်(၂)ဗူးနှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝ အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆက်လက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,