ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးပါဝင်လှုံ့ဆော်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးပါဝင်လှုံ့ဆော်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 22, 2026


ဘားအံ - မေ (၂၂)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အတူ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးတွင် ကျောင်းနေအရွယ်ကလေးများအား လုံး ကျောင်းသို့ရောက်ရှိအပ်နှံနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိဈေးအတွင်း ဈေးရောင်းချနေသူများ၊ လာရောက်ဈေးဝယ်နေသူများ အား ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာများ၊ အခမဲ့ထောက်ပံ့မှုများ၊ သိရှိလိုက်နာရမည့်အချက်များ၊ မိဘ၊အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ပါဝင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ဝေသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး နှိုးဆော်လွှာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါဈေးရှေ့တွင် ဖြတ်သန်းသွားလာနေကြသော ရပ်ကွက်နေပြည်သူများအားလည်း လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြသည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် ပညာရေးဌာနနှင့်အတူ နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား မိဘနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမများက ရပ်ကွက်၊ကျေးရွာများရှိ လူစည်ကားရာ ဈေးများ၊ ယာဉ်ရပ် နားစခန်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးလျက်ရှိပြီး မေလ ၂၄ ရက်နေ့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူလတန်းပြဆရာ၊ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Main Course) သင် တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုသင်တန်းသည် အတန်းသင် ဘာသာရပ်များတွင်လည်း လက်တွေ့အသုံးချနိုင်သကဲ့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးအတွက် လည်းအခြေခံကောင်းများရရှိလာနိုင်မည်ဖြစ်ကာ ပြည်နယ်၏ပညာရေးတိုးတက်စေရေး၊ထူးချွန်သောလူငယ်များပေါ်ထွက် စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စည်းကမ်းပြည့်ဝသော သားကောင်း၊သမီးကောင်းများပေါ်ထွက်စေရေးအတွက် ကြိုးစား သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် ၈၅၀၀၀၀ဝိ/-(ရှစ်ဆယ့်ငါး သိန်းကျပ်)ကိုချီးမြှင့်ပေးအပ်ပြီး သင်တန်းထူးချွန်ပထမ၊ဒုတိယ၊တတိယဆုရရှိသော သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊သင်တန်းသူများက We Are The World သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ သင်တန်းသား၊သင်တန်းသူ၊ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း