ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ငါးဂိမ်းလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ငါးဂိမ်းလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / June 05, 2026
၂၀၂၆ ခုနှစ်၊ ဇွန် ၃ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ငါးဂိမ်းလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မဇင်ဇင်အေး(၂၇)နှစ်ပိုင်ဆိုင်သည့် အဆောက်အအုံအတွင်း၌ ငါးဂိမ်းလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ အဆိုပါအဆောက်အအုံအတွင်း ငါးဂိမ်းလောင်းကစားပြုလုပ်နေသော မဇင်ဇင်အေး၊ တစ်ရပ်ကွက်တည်းနေ မမေသူ(၂၁)နှစ်၊ ဒေါ်ပိုပိုမြင့်(၃၆)နှစ်၊ ဦးဟိန်းမင်းရှိန်(၄၂)နှစ်၊ ကိုသန့်စင်ဖြိုး(၂၄)နှစ်၊ ဦးအောင်မျိုး(၄၇)နှစ်နှင့် အမှတ်(၅)ရပ်ကွက်နေ ဦးလှမြင့်ဦး(၅၆)နှစ်တို့ ခုနစ်ဦးအား ငါးဂိမ်းလောင်းကစားခုံ ငါးခုံနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ ဆိုင်ကယ် နှစ်စီးတို့နှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇင်ဇင်အေးပါ ခုနစ်ဦးအား မြဝတီမြို့မရဲစခန်း (ပ)၁၆၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှုတ်ဖြေစာမေးပွဲ ဖြေဆိုရန် အသိပေးကြေညာချက်
Posted on May 26, 2026
