ကျောက်တော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ကျောက်တော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / May 07, 2024
image_latest


နေပြည်တော် မေ ၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ယနေ့နံနက်ပိုင်းက တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ ယနေ့တွင် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာ၌ တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,