ကျောက်မဲမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ကျောက်မဲမြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / October 06, 2025

နေပြည်တော် အောက်တိုဘာ ၆
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်ပူးပေါင်း၍ ကျောက်မဲမြို့တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရန်အတွက် TNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် နေရာများတွင် ယုတ်မာရိုင်းစိုင်းစွာ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများအား ယခုလ ၄ ရက်နေ့မှစတင်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများပူးပေါင်း၍ ယခုလ ၅ ရက်နေ့မှစတင်၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
၎င်းအပြင် ကျောက်မဲမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးဝန်းအတွင်း/အပြင်နေရာများအား ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အပြင် စေတနာရှင်၊ အလှူရှင်များမှ ကျောက်မဲမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အမှတ်(၁) ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် ဒံပေါက်၊ အအေးနှင့် ရေသန့်ဗူးများ ပေးအပ်လှူဒါန်းကြသည်။
၎င်းအပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
Posted on Oct 07, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 05, 2025
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Posted on Oct 02, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Oct 3, 2025လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Oct 3, 2025သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း