ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏ရှေ့နေများက ပထမအကျော့ တုံ့ပြန်ချေပလျှောက်ထား
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်သည့်ကြားနာပွဲတွင် မြန်မာ၏ရှေ့နေများက ပထမအကျော့ တုံ့ပြန်ချေပလျှောက်ထား
Ministry of Information/ Naypyitaw / January 20, 2026
နေပြည်တော် ဇန်နဝါရီ ၁၉
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်သည်။
ဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper က အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိရွာများ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာများကို စစ်ဆင်ပုံ (pattern of conduct) အား တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာကစွပ်စွဲမှုနှင့်ပတ်သက်၍ တုံ့ပြန်ချေပပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက် အထားများနှင့် ပတ်သက်၍ တုံ့ပြန်ချေပခဲ့ကြောင်းသိရသည်။ ( ၎င်းတို့နှစ်ဦး၏ တုံ့ပြန် ချေပလျှောက်လဲ ချက်များကို သီးခြားဖော်ပြထားပါသည်။)
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
Posted on Jan 19, 2026၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
Posted on Jan 19, 2026တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က...
Posted on Jan 18, 2026မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
