ဂုဏ်ပြုထိုက်သော စာရင်းစစ်ချုပ်ရုံး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား သတ္တမအကြိမ် ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပခြင်း

ဂုဏ်ပြုထိုက်သော စာရင်းစစ်ချုပ်ရုံး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား သတ္တမအကြိမ် ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / January 07, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော “အငြိမ်းစား ပြည်ထောင်စုစာရင်း စစ်ချုပ်များနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ ယခင်စာရင်းစစ်ရုံးအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးအကြီးအကဲများ၊ အသက် (၇၅) နှစ်နှင့်အထက် (ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်) သက်ကြီးဝါကြီးဆရာ သမားများအား ပူဇော်ကန်တော့သည့်အခမ်းအနား”ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမနှင့် နဝရတ်ခန်းမတို့၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်ပထမပိုင်းအနေဖြင့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကို ဂါရဝပြုကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဂါရဝနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ယခင်စာရင်းစစ်ရုံးအဆက်ဆက် တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ရုံးအကြီးအကဲများ၊ သက်ကြီးဝါကြီးဆရာသမားများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ကြည်ညိုလေးစားတန်ဖိုးထားသောအားဖြင့် ဂါရဝပြုကန်တော့ခြင်းသည် ကောင်းမြတ်သည့်အစဉ်အလာတစ်ခုဖြစ်ပါကြောင်း၊ ယနေ့တွင် အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာသမားများကို မင်္ဂလာတရားတော်နှင့်အညီ ပူဇော်ကန်တော့ခွင့် ရသည့်အတွက် လွန်စွာဝမ်းသာကြည်နူးမိပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်သည့်ကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ဇွဲလုံ့လရှိမှု၊ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်မှု၊ ဥပဒေ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်မှုများကို တွေ့ရှိရ သည့်အတွက် ရှေးရှေ့သောဆရာသမားများ၏လမ်းညွှန်မှု၊ အသိပညာဖြန့်ဝေပေးမှု၊ စဉ်းစား တွေးခေါ်တတ်သော၊ တီထွင်မှုစွမ်းရည်မြင့်မားသော၊ ကိုယ်တိုင်လက်တွေ့ပါဝင်လုပ်ဆောင် တတ်သော၊ ထူးချွန်ထက်မြက်သည့်တပည့်ကောင်းများဖြစ်လာစေရန် သွန်သင်ပြသမှုစသည့် အစဉ်အလာကောင်းများကြောင့် မှန်ကန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ခြင်း ဖြစ်သည်ဟု ယုံကြည်မိပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ အုတ်မြစ်ချပေးခဲ့သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကြီး၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုတိုးတက်စေရန်နှင့်နိုင်ငံတော်က ယုံကြည်အားထားရသောရုံးကြီးအဖြစ် ဆက်လက် တည်တံ့ရန် ဦးဆောင်ကြိုးပမ်းသွားမှာ ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး အသက်ရှည်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သခဲ့သည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဂါရဝစကားပြောကြား ခဲ့ခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်(ငြိမ်း)များဖြစ်ကြသော သီရိပျံချီ ဆရာကြီးဦးမျိုးမြင့်၊ သီရိပျံချီ သီဟသုဓမ္မမဏိဇောတဓရ ဆရာကြီး ဦးတင်ဦးတို့မှ ပေးပို့ခဲ့သည့် ဆုတောင်း ဩဝါဒစကားများကို ဒုတိယစာရင်းစစ်ချုပ်ဒေါ်နိုင်သက်ဦးက ဖတ်ကြားတင်ပြခဲ့ပြီး ကန်တော့ ပွဲသို့ တက်ရောက်ချီးမြှင့်ပေးကြသည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများကလည်း ဩဝါဒ စကားနှင့် ဆုပေးစကားများ ပြောကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ဝန်ထမ်းများမှ သွားရောက်ကန်တော့သည့် မှတ်တမ်းဓာတ်ပုံများကို Video Clip ဖြင့်ပြသခြင်း၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နည်းပညာလေ့ကျင့်ရေးနှင့်ဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြား ရေးမှူးချုပ် ဒေါ်သန္တာလေး၊ စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း၊ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီချိန်တို့က အသီးသီးဂါရဝပြုကျေးဇူးတင် စကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများကိုယ်စား အမြဲတမ်း အတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ဂုဏ်ပြုထိုက်သော စာရင်းစစ်ချုပ်ရုံး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပရသည့်အကြောင်းအရင်းနှင့် ကျေးဇူးတင်ဂါရဝ စကားပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ဆရာကြီး၊ ဆရာမကြီးများ၏ ဩဝါဒစကားများကို မှတ်သားနာယူပြီး လောကီ၊ လောကုတ္တရာအကျိုးများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာကြီးများမှ လက်ဆင့်ကမ်းပညာ အမွေအနှစ်များဖြင့် နိုင်ငံတော်အတွက် ကျရာအခန်းကဏ္ဍမှ အများပြည်သူအကျိုးဆောင်ရွက် ပြီး လူငယ်မျိုးဆက်သစ်ဝန်ထမ်းများကို မိမိတို့တတ်ကျွမ်းသည့်ပညာဖြင့် ဦးဆောင်လမ်းညွှန် ကာ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် စုပေါင်းအားဖြင့် တက်ညီလက်ညီကြိုးစားဆောင် ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအားလုံး သက်ရှည်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က ဆရာကြီး၊ ဆရာမကြီးများ တာဝန် ထမ်းဆောင်စဉ်က မိမိတို့၏တပည့််များအားလုပ်ငန်းတာဝန်များကိုအောင်မြင်စွာ ဆောင်ရွက် နိုင်စေရန် ဆုံးမဩဝါဒများကို ပေးသကဲ့သို့ ယခုမှာလည်း စိတ်ကိုယ်နိုင်ရမည်၊ လောကီ သာမက လောကုတ္တရာအကျိုးများကိုပါ ကျင့်ကြံနိုင်ရန် ဩဝါဒစကားများ၊ ဆုတောင်းမေတ္တာ ပို့သမှုများကို တန်ဖိုးထားမှတ်သားနာယူမည်ဖြစ်ပါကြောင်း၊ ဆုံးမစကားများကို ဤရုံးဝန်ထမ်း များအားလုံးမှ လမ်းညွှန်မှုအဖြစ် ခံယူ၍ ရုံးနာမည်ကောင်းရရှိ‌အောင် အဖက်ဖက်မှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများလည်း သက်ရှည် ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယ စာရင်းစစ်ချုပ်တို့အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများမှ ဂါရဝပြုကန်တော့ကြပြီး ကန်တော့ခံဆရာမကြီးများမှ ဆုမွန်ကောင်းစကားများ ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများက ပတ္တမြားခန်းမမှလည်းကောင်း၊ ကျန်ဝန်ထမ်း ( ၃၀၀ ) ဦး တို့က ဤရုံး၊ နဝရတ်ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ၁၄ ရုံး မှ ညွှန်ကြားရေးမှူးများနှင့် ဒေသစာရင်းစစ်ရုံးဝန်ထမ်း (၂၀၄) ဦးတို့က သက်ဆိုင်ရာရုံး အသီးသီးတို့မှ Online ဖြင့်လည်းကောင်း တက်ရောက်ကြ၍ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး (၄၃) ဦးက Online ဖြင့် တက်ရောက်ခဲ့ကြသည်။

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး တို့မှ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် နေထိုင် လျက်ရှိသည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ နေထိုင်ရာအိမ်များသို့ သွားရောက် ဂါရဝပြုကန်တော့ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Posted on Jan 09, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 07, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Posted on Jan 06, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Posted on Jan 05, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 04, 2026
AnnouncementsExplore more >

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Posted on Jan 8, 2026

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ

Posted on Jan 8, 2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

Posted on Jan 8, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

HOT NEWS
January 4,