ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းခွင့်ကိစ္စ ညှိနှိုင်းဆွေးနွေး
ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းခွင့်ကိစ္စ ညှိနှိုင်းဆွေးနွေး
Ministry of Information/ Naypyitaw / May 16, 2026
နေပြည်တော် မေ ၁၅
ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းခွင့်ကိစ္စနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရုံးအမှတ် (၃၆) ၌ ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်းက ငါးအစာထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အရည်အသွေးမြင့်အစာကို သက်သာသောနှုန်းထားဖြင့် အသုံးပြုနိုင်ရေးအတွက် ပဲပုပ်ဖတ်တင်သွင်းခွင့်ကိစ္စအား စနစ်တကျညှိနှိုင်းဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ငါးအစာကုန်ကြမ်း (ပဲပုပ်ဖတ်) တင်သွင်းရန် စိစစ်ပြုစုခြင်း၊ ပုဂ္ဂလိကငါးပုစွန်အစာတောင့်စက်ရုံများက မှတ်ပုံတင်ရေးနှင့် လိုအပ်သော ကိန်းဂဏန်းအချက်အလက်များ ပံ့ပိုးရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ငါးအစာထုတ်လုပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းအတွေ့အကြုံများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
