ငွေဆောင်လူရည်ချွန်စခန်းမှ ဧကာဒသမတန်းလူရည်ချွန်မောင်မယ်များ၊ လူရည်ချွန်ဟောင်းကြီးများ၏ ရင်တွင်းစကားသံများ

ငွေဆောင်လူရည်ချွန်စခန်းမှ ဧကာဒသမတန်းလူရည်ချွန်မောင်မယ်များ၊ လူရည်ချွန်ဟောင်းကြီးများ၏ ရင်တွင်းစကားသံများ


Ministry of Information/ Naypyitaw / May 08, 2026
image_latest


ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ လူရည်ချွန်စခန်း (ငွေဆောင်)၌ မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၃ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမများသည် မေ ၆ ရက်မှ မေ ၉ ရက်အထိ ယာယီစခန်းချ၍ လူရည်ချွန်ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ ဒေသန္တရဗဟုသုတလေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလူရည်ချွန်စခန်းတွင် ရောက်ရှိနေသည့် လူရည်ချွန်ဟောင်းကြီးများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများကို ပြည်သူများသိရှိနိုင်ရန်အတွက် ဖော်ပြအပ်ပါသည်။

မရွှေယွန်းမီ (နှစ်ထပ်ကွမ်း လူရည်ချွန်၊ ကယားပြည်နယ်)

သမီးကတော့ ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့ရဲ့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဧကာဒသမတန်း ကျောင်းသူ(နှစ်ထပ်ကွမ်းလူရည်ချွန်) မရွှေယွန်းမီဖြစ်ပါတယ်။ သမီးကအရင်က ငွေဆောင်ကိုတစ်ခါမှ မရောက်ခဲ့ဖူးပါဘူးရှင့်။ ငွေဆောင်ကမ်းခြေကို ရောက်တဲ့အခါမှာ ကြည်လင်တဲ့ ပင်လယ်ရေနဲ့ကမ်းခြေအလှကို တွေ့လိုက်ရတဲ့ အခါမှာတော့ အလွန်ကိုအမောပြေသွားတယ်၊ ခေါင်းမူးတာတွေလည်း ပျောက်သွားပါတယ်ရှင့်။ ပြီးတော့ ကြိုနေတဲ့ သူတွေကြောင့်လည်း တကယ်အားတက်ရပါတယ်။ သူတို့ကို ကြည့်ပြီးတော့ အလွန်ကို ပီတိဖြစ်မိပါတယ်ရှင့်။ ကမ်းခြေတွေကတော့ သမီး social media ပေါ်မှာ အများကြီး မြင်ဖူးတွေ့ဖူး ပါတယ်။ အခြားနိုင်ငံက ကမ်းခြေ တွေဆိုရင်လည်း တော်တော်များများ လှကြပါတယ်။ ဒါပေမဲ့ သမီးတို့ နိုင်ငံကလည်း အခြား နိုင်ငံတွေနဲ့ယှဉ်နိုင်တယ်။ နိမ့်ကျမနေပါဘူး။ ငွေဆောင်ကမ်းခြေကအလွန်လှတဲ့ ကမ်းခြေ တစ်ခုဖြစ်ပါတယ်။ သမီးတို့နိုင်ငံမှာလည်း အခုလိုမျိုး အလွန်လှပတဲ့ ကမ်းခြေတွေရှိတဲ့အတွက် ကိုယ့်မြန်မာနိုင်ငံကိုလည်း အလွန်ဂုဏ်ယူမိပါတယ်။ သမီးတို့လူရည်ချွန်တစ်ယောက်ဖြစ်လာပြီဆိုရင် နိုင်ငံတော်အတွက် ဘယ်အချိန်မဆို အဆင်သင့်ရှိနေပေးရပါမယ်။ သမီးတို့ လူရည်ချွန်တွေကို နိုင်ငံတော်က ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ပေးထားတာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက်ဆိုရင် အမြဲအသင့်ရှိနေရ ပါမယ်။ သမီးအနေနဲ့လည်း နိုင်ငံတော်အတွက် ကျရာကဏ္ဍကနေပြီးတော့ အစွမ်းကုန်ကြိုးစားပြီး ပံ့ပိုးပေးသွားမှာပါရှင့်။ သမီးရဲ့ရည်မှန်းချက်ကတော့ Grade - 12 စာမေးပွဲဖြေဆိုပြီးသွားရင် နိုင်ငံခြားဘာသာမှာ အထူးပြုဘာသာတစ်ရပ်ကို သင်ကြားပေးတဲ့ ကထိကတစ်ယောက် ဖြစ်ချင်ပါတယ်ရှင့်။

ဒေါက်တာအေးအေးမြင့် (၁၉၇၇ ခုနှစ် လူရည်ချွန်၊၁၉၆၄ - ၁၉၈၈ လူရည်ချွန်အဖွဲ့)

ကျွန်မ နာမည်ကတော့ ဒေါက်တာအေးအေးမြင့်ပါ။ ကျွန်မက ၁၉၇၇ခုနှစ်မှာ လူရည်ချွန် တစ်ယောက် ဖြစ်ခဲ့ပါတယ်ရှင်။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် စာတော်ရုံတစ်ခုတည်း မဟုတ်ဘဲ ဘက်စုံထူးချွန်မှရပါမယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ကာယပညာ ကျွန်မတို့ခေတ်က အကုန်ဖြေရပါတယ်။ အဲဒါအပြင် လူရဲ့ စိတ်ထားကောင်းမွန်မှု၊ သွက်လက်ချက်ချာမှု အားလုံးကိုကြည့်ပြီး အဆင့်ဆင့်ဖြေဆိုပြီးမှ Outstanding Student ဆိုတဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံရတာဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ခံရပြီးတဲ့နောက် ပညာရေးတက္ကသိုလ်မှာ ငါးနှစ်အထိကျောင်းတက်ခဲ့ပါတယ်။ ပြီးတော့ ဆရာချွန်တွေကို မွေးထုတ်တဲ့ ဆရာမအဖြစ် အ.ထ.က( ၄)အလုံ မှာ အထက်တန်းပြနဲ့ ၁၀ နှစ်ကြာ အင်္ဂလိပ်စာ သင်ကြားပြသပေးခဲ့ပါတယ်။ မဟာပညာရေးဘွဲ့ပြီးတဲ့အခါမှာ ကျွန်မက ပညာရေးသုတေသနမှာ သုတေသနလက်ထောက်အဖြစ် ဆောင်ရွက်ရင်းနဲ့ ပညာရေးတက္ကသိုလ်ကို နည်းပြအဖြစ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ပြောင်းရွှေ့ပြီး နည်းပြကနေတစ်ဆင့် ပညာရေးတက္ကသိုလ်မှာ စာမေးပွဲဝင်ဖြေရင်းနဲ့ ဂျပန် ပညာတော်သင်ဆုကိုရပါတယ်။ ဂျပန်နိုင်ငံရဲ့ University of Tokyo ကနေ Ph.D Education ပညာရေး ပါရဂူဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲ့ဒါက လူရည်ချွန်ဆိုတဲ့ လူငယ်ဘဝက စလိုက်ပြီးတော့ ကြိုးစားမှုအရှိန်ကြောင့် ကျွန်မကအသိပညာပိုင်း၊ အတတ်ပညာပိုင်းအောင်မြင်လာတဲ့အပြင် ပညာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်အဖြစ် ၂၀၁၉ ခုနှစ် အထိ ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်မက လူငယ်လူရည်ချွန်တွေကို ပြန်လည်မွေးထုတ်ပေးတဲ့ ဆရာချွန်တွေ၊ ဆရာမချွန်တွေကို မွေးထုတ်ပေးတဲ့ ကဏ္ဍမှာတာဝန် ယူခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ငွေဆောင်လူရည်ချွန်စခန်းမှာက Grade - 11 လူငယ်လေး ဖြစ်ကြတယ်ဆိုတော့ ကျွန်မရဲ့စိတ်ထဲမှာ ငွေဆောင်လူရည်ချွန် စခန်းကိုသွားပြီးတော့ အခြေခံပညာက လူရည်ချွန်တွေကို အားပေးချင်စိတ်ဂုဏ်ပြုချင်စိတ် ပေါ်လာတဲ့အတွက်ဒီနေ့ပွဲကို လာရောက်ရခြင်းပဲ ဖြစ်ပါတယ်ရှင့်။

မောင်ခန့်ညီရှင်းသန့် (၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ဧကာဒသမတန်းလူရည်ချွန်၊ ရှမ်းပြည်နယ်)

ကျွန်တော်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်ကနေပြီးတော့ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်မှာ လူရည်ချွန်ဆုကိုရရှိခဲ့တဲ့ ဧကာဒသမတန်း ကျောင်းသား မောင်ခန့်ညီရှင်းသန့် ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်လက်ရှိ ပညာသင်ယူနေတဲ့ ကျောင်းကတော့ အ.ထ.က( ၅) တောင်ကြီး ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ အစ်ကိုတွေအစ်မတွေကလည်း လူရည်ချွန်တွေဖြစ်တဲ့အတွက် ငယ်ငယ်ကတည်းက လူရည်ချွန်ဖြစ်ချင်စိတ်က ကိန်းအောင်းနေခဲ့ပါတယ်။ Grade- 11 မှာတော့ ကျွန်တော့်ရဲ့ လူရည်ချွန်ဖြစ်ချင်စိတ်က အထမြောက်ခဲ့ပါတယ်။ အတော်လည်းကြိုးစားခဲ့ရပါ တယ်။ ကျွန်တော် Grade - 12 စာမေးပွဲ ဖြေဆိုပြီးသွားရင် ဆေးပညာကို ဆက်လက်သင်ယူမယ်လို့ ရည်ရွယ်ချက်ရှိပါတယ်။ ဆရာဝန်တစ်ယောက်ဖြစ်လာရင် နိုင်ငံတော်အတွက်၊ ပြည်သူတွေအားလုံးအတွက် အားထားရတဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်စေရမယ်လို့ ခံယူထားပါတယ်ခင်ဗျာ။

မခင်နှင်းသက်စံ( ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ဧကာဒသမတန်း လူရည်ချွန်၊ ရခိုင်ပြည်နယ်)

သမီးကတော့ ရခိုင်ပြည်နယ် စစ်တွေခရိုင် စစ်တွေမြို့ အ.ထ.က (၂) စစ်တွေမှာ ပညာသင်ကြားနေတဲ့ ဧကာဒသမတန်း လူရည်ချွန်မခင်နှင်းသက်စံဖြစ်ပါတယ်ရှင့်။ ရခိုင်ပြည်နယ်ကဆိုရင် သမီးတစ်ယောက်တည်း ပါလာတာဖြစ်လို့ တိုင်းနဲ့ပြည်နယ်အသီးသီးက လူရည်ချွန်တွေနဲ့ တွေ့ဆုံခွင့်ရလို့ အလွန်ကို ပျော်ရွှင်မိပါတယ်။ ငွေဆောင်လူရည်ချွန်စခန်းကို လာခဲ့ရတဲ့လမ်းတစ်လျှောက်မှာလည်း အလွန်ကို ပျော်ရွှင်ခဲ့ရသလို ပေါင်းသင်းဆက်ဆံရေး skill လည်း တိုးတက်လာခဲ့ပါတယ်။ ငွေဆောင် လူရည်ချွန်စခန်းကို ရောက်တဲ့အခါမှာကြိုနေကြတဲ့ သူတွေကိုကြည့်ပြီး အလွန်ကိုအမောပြေရပါတယ်။ လေ့လာရေး ခရီးသွားတဲ့အခါမှာ ပုသိမ်ထီးလုပ်ငန်းကို သေသေချာချာလေ့လာသွားပါမယ်။ လေ့လာခဲ့တဲ့ အကြောင်းအရာတွေကို သူငယ်ချင်းတွေနဲ့ ပြန်လည်မျှဝေသွားပါမယ်။ သမီးကဆရာဝန် ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ နိုင်ငံခြားမှာ ​ပါရဂူဘွဲ့ရတဲ့အထိ ဆေးကျောင်းတက်ပြီးတော့ မြန်မာနိုင်ငံကိုပြန်လာပြီး ပြည်သူတွေကို ဆေးကုသပေးပါမယ်။ နိုင်ငံအတွက်အားထားရတဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်စေရမယ်လို့ ရည်မှန်းထားပါတယ်ရှင့်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on May 7, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)