စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / August 31, 2024
image_latest


နေပြည်တော် ဩဂုတ် ၃၀

စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲတွင် ပြည်တွင်းစက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များချိတ်ဆက်၍ ဆောင်ရွက်နိုင်သည်များ၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိသည့် ဗဟုသုတ၊ အသိပညာများကို ပြန်လည်အသုံးချခြင်းဖြင့် စက်မှုဇုန်ဖော်ဆောင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ဆက်စပ်သည့် လုပ်ငန်းများကို လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနသည် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နေသည့်အတွက် တာဝန်ရှိသူများအနေဖြင့် စက်မှုဇုန်များ တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်များကိုသိရှိမှသာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အမှားအနည်းဆုံးဖြင့် ဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်များကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖော်ဆောင်ရေး၊ မြို့နေပြည်သူများအတွက် လိုအပ်သည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ ကော်မတီများနှင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်းဆိုင်ရာများကိုလည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့သည့် စက်မှုဇုန်များအခြေအနေ၊ ပြည်တွင်းစက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ ချိတ်ဆက်ဆောင်ရွက်ရာတွင် လိုအပ်သည့်အချက်များ၊ အထူးစီးပွားရေးဇုန်များအတွက် အခြေခံအဆောက်အအုံများ၏ အရေးပါမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများက ဒေသအတွင်းရှိ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ၏ အခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တတ်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယဥက္ကဋ္ဌက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
AnnouncementsExplore more >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,