စက်သုံးဆီဝယ်ယူရာတွင် ပိုမို၍ အဆင်ပြေချောမွေ့စေရေးအတွက် ရောင်းချသည့်စနစ်အား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း

စက်သုံးဆီဝယ်ယူရာတွင် ပိုမို၍ အဆင်ပြေချောမွေ့စေရေးအတွက် ရောင်းချသည့်စနစ်အား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / April 03, 2026
image_latest


နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဒစ်ဂျစ်တယ်နည်းပညာ အခြေပြုဖြန့်ဖြူးရောင်းချသည့်စနစ်ကို ၁၂-၃-၂၀၂၆ ရက်နေ့တွင် စတင်၍ ဆောင်ရွက်ခဲ့ပြီး ၂၇-၃-၂၀၂၆ ရက်နေ့တွင် ယာဉ်တစ်စီးချင်းစီအတွက် စက်သုံးဆီပမာဏကို သတ်မှတ်၍ ရောင်းချပေးသည့်စနစ်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ပါသည်။

တည်ဆောက်ထားသည့်စနစ်အား လက်တွေ့အသုံးပြုရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် မသမာမှုများကို ဟန့်တားနိုင်ရန်အတွက် အွန်လိုင်းမှ စောင့်ကြည့်သတိပေးခြင်း၊ ထိန်းချုပ်ခြင်း၊ ပြည်သူတို့၏ တုံ့ပြန်မှုများကို နားထောင်၍ နည်းပညာအား အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။

တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင် ရှိသည့်အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်တွင် Bar Code/ QR Code များကို Scan ဖတ်၍ ရောင်းချပေးသည့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ယခုသီတင်းပတ်မှစ၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေးလမ်းမကြီး တစ်လျှောက်ရှိ မြို့များတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်၍ စက်သုံးဆီပမာဏသတ်မှတ်၍ ရောင်းချပေးနေရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတို့တွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များကို ပမာဏတိုးမြှင့်သတ်မှတ်ပေးထားပြီး တစ်ပတ်လျှင် ၃ ရက် ဆီဖြည့်တင်းနိုင်ရန် ခွင့်ပြုပေးလျက်ရှိပါသည်။

ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်နစ်နာစေမှု၊ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ ဖြစ်ပေါ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချပေးသည့်စနစ်ကို ၃-၄-၂၀၂၆ ရက်နေ့မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လူတစ်ဦးချင်းစီ၏ အားနည်းချက်များ၊ မသမာမှုများကို နည်းပညာဖြင့် ထိန်းကျောင်းဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် အကြံဉာဏ်များပေးခြင်း၊ သတင်းပေးတိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။