စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / February 20, 2026
မုံရွာ၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မုံရွာမြို့၊ အရှေ့ဘက်ကန် သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး ပရဝဏ်အတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး ပင့်သံဃာဆရာတော်များမှ ဘုရားပင့်၊နတ်ပင့်ဂါထာတော်များ ရွတ်ပွားပင့်ဆောင်ကြပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တမာနိတ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ပဋ္ဌာန်းကျမ်း၊ ပဋ္ဌာန်းအိုးများနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသနာတော်များအား ရွတ်ဖက်ပူဇော်ကြပြီး ဓမ္မဘဏကဆရာတော်များမှ ပဋ္ဌာန်းတရားတော်များအား စတင်ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် သတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာ တော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ဆက်ကပ်လှူဒါန်းခြင်းကို မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ မဟာလယ်တီကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြ ဝတီရပ်ကွက်ရှိ မဟာဂန္တာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ မဟာဂန္တာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ပင့်သံဃာဆရာတော် ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မကြာမီဖြေဆိုမည့် ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးအား အောင်မြင်အေးချမ်းစွာဖြင့် ထူးခြားဖြစ်စဉ်တစ်စုံတစ်ရာ မရှိအောင်နှင့် မသမာမှုကင်းကင်းရှင်းရှင်းဖြင့် ကျင်းပနိုင်အောင်တာဝန်ရှိသူအားလုံးမှ အလေးထားဝိုင်ဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရည်မှန်းအောင်ချက်ရာခိုင်နှုန်း ရရှိရေးအား စာမေးပွဲစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အောင်မြင်သူများများ၊ ဂုဏ်ထူးရရှိသူများများဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စာမေးပွဲဖြေဆိုရန် ကျန်ရှိသေးသည့်(၁၉)ရက် တာကာလအတွင်း အပြင်းအထန် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးထံ စာစစ်ဌာနများအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းအခြေအနေများ ကြိုတင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မုံရွာတက္ကသိုလ်မှ ပါမောက္ခချုပ်က ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ မေးခွန်းထုတ်ပေးခြင်း၊ အဖြေလွှာများလက်ခံခြင်း၊ အဖြေလွှာစစ်ဆေးခြင်းများနှင့် ပတ်သက်၍ လည်းကောင်း၊ စာမေးပွဲကြီးကြပ်ရေးမှူး ၂ ဦးမှ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများနှင့် စည်းကမ်းချက်များအားလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Feb 18, 2026ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
