စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / July 30, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ စော်ဘွား(၁၀)ရပ်ကွက်နေ မောင်မောင်မြင့်(၃၅)နှစ်အား လည်းကောင်း။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မြေနီကုန်းရပ်ကွက်နေ နေစိုးနိုင်(၃၂)နှစ်နှင့် စမ်းကြီးရပ်ကွက်နေ ပြည့်စုံအောင် (၂၅)နှစ်၊ ချောင်းဆုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ နတ်မှော်ကျေးရွာနေ အေးမင်းဘို(၁၆)နှစ်၊ မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ လက်တက်ကျေးရွာနေ ရဲလင်းအောင်(၃၈)နှစ်၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့် ရဲနိုင်အောင် (၃၈)နှစ်နှင့် ဝေယံ(၂၄)နှစ်တို့အား လည်းကောင်း။
ထို့အတူ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကဒုံစီးရပ်ကွက်နေ ချစ်ထူး(ခ)မိုးမြင့်သူ(၃၅)နှစ်နှင့် ဆင်ရွာနေ မြင့်စိုး(၂၉)နှစ်၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မရမ်းကျေးရွာနေ လေးနိုင်(၂၁)နှစ်၊ နောင်ကုလားရှမ်းကျေးရွာနေ ကျော်သက်(၃၈)နှစ်၊ သိမ်ဆိပ်ရပ်ကွက်နေ ဇေမျိုးအောင်(၄၄)နှစ်နှင့် ဘင်လှိုင်ရပ်ကွက်နေ မျိုးဇော်အောင်(ခ)ဘိုဘို(၃၀)နှစ်နှင့် ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဝါးဒတ်ကွင်းကျေးရွာနေ အောင်မင်းနိုင်(၂၂)နှစ်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း
Posted on Jul 31, 2025ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်
Posted on Jul 31, 2025၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း
Posted on Jul 31, 2025နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း