စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများ လိုအပ်

စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ကိန်းဂဏန်း စာရင်းဇယားများ လိုအပ်


Ministry of Information/ Naypyitaw / May 09, 2024
image_latest


နေပြည်တော် မေ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ဒုတိယလက်ထောက်ဦးစီးမှူးနှင့်အထက် အမှုထမ်း၊ အရာထမ်းများအား ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ တွေ့ဆုံသည်။

ဆီထွက်သီးနှံ အထူးဇုန်များ ဆောင်ရွက်

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ဆီထွက်သီးနှံအထူးဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒများ၊ စီမံကိန်းများ စီမံဆောင်ရွက်နိုင်ရန် တိကျမှန်ကန်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက် ကိန်းဂဏန်းစာရင်းဇယားများလိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနများအနေဖြင့် မြေပြင်အမှန် စိုက်ဧက၊ သီးနှံအမျိုးအစားစာရင်းများ ကောက်ယူခြင်း၊ သီးနှံထွက်ရှိချိန် ရိတ်သိမ်းဧကနှင့် ထွက်ရှိမှု ပမာဏတိတိကျကျ ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာနည်းစနစ်များအတိုင်း စနစ်တကျ ကောက်ယူရန်ဖြစ်ကြောင်း၊ ရာသီဥတုနှင့်အခြေအနေအမျိုးမျိုးကြောင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကျိုးကြောင်းခိုင်လုံစွာ တင်ပြရန်လိုအပ်ကြောင်း၊ မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကြောင့်နှင့်မျှ မိမိ၏စာရင်း ဇယားလွဲချော်မှုမဖြစ်ရန်လိုကြောင်း။

ထို့အတူ လယ်ယာမြေအသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများကို ဥပဒေနှင့်အညီဖြစ်စေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ အများဆုံးကြုံတွေ့နေရသည့် လယ်ယာမြေအပေါ် ကျူးလွန်ဆောင်ရွက်မှုများကို တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ထုတ်ပြန်ထားသည့် SOP လုပ်ထုံးလုပ်နည်းနှင့်အညီ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ ဌာနပိုင်မြေနှင့် အဆောက်အအုံများ ငှားရမ်းလုပ်ကိုင်နေမှုများကိုလည်း တာဝန်ရှိသူများက အခါအားလျော်စွာ စစ်ဆေးပြီး ငှားရမ်းရေးသဘောတူညီချက်အတိုင်း အသုံးပြုဆောင်ရွက်ရေး ထိန်းသိမ်းကြပ်မတ်ရန်နှင့် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်သိက္ခာနှင့်အညီ ကျင့်သုံးဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး အမှုထမ်း၊ အရာထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Posted on May 20, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on May 19, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,