စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း


Ministry of Information/ Naypyitaw / August 29, 2025
image_latest


နေပြည်တော် ဩဂုတ် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုဖြစ်စေသည့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို မိမိတို့နိုင်ငံ့ ဝန်ထမ်းများ ပိုမိုသိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သော အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်ကြမည်ဖြစ်ပါကြောင်း။

ကမ္ဘာ့နိုင်ငံတိုင်း၌ ကြုံတွေ့နေရသည့် ပဋိပက္ခများစွာ၏ အခြေခံအကြောင်းတရားတစ်ခုဖြစ်သည့် အဂတိလိုက်စားမှုပြဿနာကို တိုက်ဖျက်ရာတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံ့ဝန်ထမ်းတိုင်းက လိုက်နာရန်တာဝန်ရှိကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်စေရန်အတွက် နိုင်ငံသားများအားလုံး၊ ပြည်သူ့ဝန်ထမ်းများအားလုံးက ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ စရိုက်လက္ခဏာကောင်းများဖြင့် လိုက်နာထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

တိုက်တွန်းပြောကြား

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဂတိလိုက်စားမှုသည် နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် ဆက်စပ်လျက်ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ အမွေအနှစ်၊ အရင်းအမြစ်များ၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ နစ်နာဆုံးရှုံးပြီး အခြေခံလူတန်းစားများ၏ ရပိုင်ခွင့်ကို ထိခိုက်နစ်နာစေနိုင်ကာ ဆင်းရဲနွမ်းပါးမှုသံသရာကို ဖြစ်ပေါ်စေကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများသည် အစိုးရနှင့် ပြည်သူကြား ယုံကြည်မှု တည်ဆောက်ရာတွင် အဓိကကျသူများဖြစ်၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် အဂတိကင်းစွာ တာဝန်ထမ်းဆောင်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆွေးနွေး

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025