စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကျင်းပ
Ministry of Information/ Naypyitaw / May 15, 2026
နေပြည်တော် မေ ၁၄
စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်နှင့် အနှစ်ချုပ်စာအုပ်တို့ကိုစိစစ်၍ လမ်းညွှန်မှုပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အမေးအဖြေများ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့၏ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ Online & In person Hybrid System စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး (ခရိုင်တရားသူကြီး၊ ပြည်ခရိုင် တရားရုံး) က အမေးအဖြေများစာအုပ်နှင့် အနှစ်ချုပ် စာအုပ်ထုတ်ဝေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ စာအုပ်ပြုစုရေးလုပ်ငန်းအဖွဲ့ဝင်တို့က အမေးအဖြေများစာအုပ်(မူကြမ်း)နှင့် အနှစ်ချုပ်စာအုပ် (မူကြမ်း) တို့ကို ဆွေးနွေးတင်ပြကြပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်တို့က ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
