စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား လက်ခံတွေ့ဆုံ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား လက်ခံတွေ့ဆုံ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်


Ministry of Energy/ Naypyitaw / June 10, 2025


စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား လက်ခံတွေ့ဆုံ

၂၀၂ ခုနှစ်၊ ဇွန် ရက်

        စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံ့သာဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ပထမဦးစွာ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘော တူညီထားမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများအား ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။ ထို့နောက် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှုများ ယခင်ထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်း လွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စ၊ ဆောင်ရွက်ဆဲ ကမ်းလွန်လုပ်ကွက် တွင် ဆက်လက်ဆောင်ရွက်မည့် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် တရုတ်ကုမ္ပဏီများအား  တွန်းအားပေးကူညီဆောင်ရွက်ရန်ကိစ္စ၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းအား ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ရေးကိစ္စနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာ မြောက်စီမံကိန်းများတွင်ပါဝင်သည့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

 ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမှ မြန်မာနိုင်ငံရှိ ကမ်းလွန် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံလိုသည့် ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ သဘောတူညီထားပြီးဖြစ်သည့် အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းမှ ရေနံ စိမ်းများရယူပြီး ရေနံချက်စက်ရုံသစ်စီမံကိန်းအား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက်လည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်း အင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

                 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,