တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်

တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်


Ministry of Information/ Naypyitaw / January 03, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂

တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်က တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများသည် ပညာရှင်များအဖြစ် အသိအမှတ်ပြုခံထားကြရသူများဖြစ်သောကြောင့် ကျောင်းသား ကျောင်းသူများ အတုယူရသည့် စံပြပုဂ္ဂိုလ်များဖြစ်အောင်လည်း ကြိုးစားအားထုတ်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် အားထားရသည့် ပညာတတ် မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။

အဆိုပါသင်တန်းကို တက္ကသိုလ်၊ ကောလိပ်အသီးသီးရှိ သင်ကြားရေး ဆရာ ဆရာမများ ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမိုကောင်းမွန်လာစေရန်၊ အဆင့်မြင့်ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သောဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်စေရန်၊ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထား ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံစစ်ပညာကို နားလည် သဘောပေါက်စေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၃၁ ရက်အထိ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်း သား ၆၁ ဦး၊ သင်တန်းသူ ၃၀၈ ဦး စုစုပေါင်း ၃၆၉ ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jan 05, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။


Posted on Jan 04, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024
HOT NEWS
January 4,