တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံမှာရှိတဲ့ ICJ တရားရုံးကို မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေခြင်းဟာ မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပြသနေတာပဲဖြစ်ပါတယ်

တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံမှာရှိတဲ့ ICJ တရားရုံးကို မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေခြင်းဟာ မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပြသနေတာပဲဖြစ်ပါတယ်


Ministry of Information/ Naypyitaw / January 20, 2026
image_latest


ဒေါက်တာနိုင်ဆွေဦး

ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့်ပတ်သက်ပြီး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါကြားနာပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဝါရင့်အကြံပေးအဖွဲ့ဝင်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

ကျွန်တော့်အနေနဲ့ ပထမဆုံးဆွေးနွေးချင်တာက ကျွန်တော်ဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးအခင်းနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် ကာလတွေမှာ ဘူးသီးတောင်၊ မောင်တောဒေသတွေကို ကိုယ်တိုင်ကွင်းဆင်းသွားရောက်ပြီးတော့ သုတေသနပြုလုပ်ခဲ့သူဖြစ်ပါတယ်။ မြေပြင်အခြေအနေတွေကို လက်တွေ့သိရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော့်အနေနဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံဖို့ ဆွေးနွေးတဲ့နေရာမှာ ကျွန်တော် တို့ Think Tank တွေ အပါအဝင်ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဆွေးနွေးတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Think Tank တွေနဲ့ မြန်မာနိုင်ငံက Think Tankတွေ အကြားပုံမှန်ဆွေးနွေးပွဲ ပြုလုပ်ရာမှာလည်း ကျွန်တော့်အနေနဲ့ ပုံမှန်ပါဝင်ဆွေးနွေးခဲ့တာ ၂၀၁၈၊ ၂၀၁၉ နှစ်ကတည်းကဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ICJ မှာ တရားစွဲဆိုခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အကျဉ်းမျှ ဆွေးနွေးလို ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ အာဖရိကတိုက်အနောက်ပိုင်းမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံကနေ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ စတင်တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါ တယ်။

ဂမ်ဘီယာက မြန်မာနိုင်ငံကို စွဲဆိုသွားတဲ့အမှုမှာ သူတို့ရဲ့စွပ်စွဲချက်ကတော့ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်တယ်ဆိုပြီး မတရားစွပ်စွဲပြီး ကျွန်တော်တို့နိုင်ငံကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဓိက အချက်ကတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒီအကြောင်းအရာတွေကိုအခြေခံပြီး မတရားစွပ်စွဲပြီး တရားစွဲဆိုခဲ့ခြင်းဖြစ် တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂမ်ဘီယာနိုင်ငံကိုကြည့်မယ်ဆိုရင် ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်းထောင်ချီဝေးတဲ့ အာဖရိကတိုက်ရဲ့ အနောက်ပိုင်းမှာတည်ရှိတဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ကြည့်မယ်ဆိုရင်လည်း ဂမ်ဘီယာမှာ မြန်မာနိုင်ငံကို တရားစွဲဆိုဖို့အတွက် ဥပဒေအကြောင်းအရ တာဝန်မရှိပါဘူး။ ဂမ်ဘီယာက OIC ရဲ့ Proxy သက်သက်သာဖြစ်ပါတယ်။ နောက်တစ်ခုက ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားထဲမှာ အငြင်းပွားမှုလည်း ဘာမှမရှိနေပါဘူး။ သူတို့ဖြစ်ပွားတယ်လို့ စွပ်စွဲခဲ့တဲ့နေရာက ဂမ်ဘီယာနိုင်ငံအတွင်းမှာရှိတာ မဟုတ်သလိုဘဲ ဂမ်ဘီယာနိုင်ငံသားတွေအပေါ်မှာလည်း သက်ရောက်မှုတစ်စုံတစ်ရာမရှိဘူးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ တစ်ဖက်သတ်သာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ICJ က ကြားဖြတ်အမိန့် (Provisional Measures) ကို ချမှတ်ခဲ့ပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်ပြရန်ဆိုပြီး လုပ်ဆောင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာအနေနဲ့ကလည်း မိမိတို့အနေနဲ့ ကမ္ဘာ့မိသားစုအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံပီသစွာနဲ့ အစီရင်ခံစာတွေကို ပုံမှန်တင်ပြခဲ့တာရှိပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ဂမ်ဘီယာအပါအဝင် တခြားနိုင်ငံတွေအနေနဲ့ ဒါက လုံလောက်မှုမရှိဘူးလို့ ဝေဖန်တာတွေတွေ့ရမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအနေနဲ့ကတော့ မိမိတို့လုပ်ဆောင်ရမယ့်တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

ဆက်ပြီးတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ တရားရုံးကနေ မြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်တွေကိုပယ်ချပြီး သူတို့မှာ စီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး အတည်ပြုခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဂမ်ဘီယာအပြင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီစတဲ့ နိုင်ငံ ၁၁ နိုင်ငံက Article 63 အရ ဝင်ရောက်စွက်ဖက်ခွင့်ရရှိခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီအမှုဟာ လက်ရှိအခြေအနေမှာ အကြောင်းအရာစစ်ဆေးမှုအခြေအနေကိုရောက်ရှိနေပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့အေးဂျင့်အနေနဲ့ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ ICJ ကို ရောက်ရှိနေပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခုခံချေပနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ICJ မှာ ဖြစ်ပွားခဲ့တဲ့အမှုတွေဟာ အချိန်တိုအတွင်း ပြီးပြတ်သွားတာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာမြင့်လေ့ရှိတယ်ဆိုတာ သတိထားရမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် နယ်သာလန်နိုင်ငံမှာရှိတဲ့ ICJ တရားရုံးကို မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေခြင်းဟာ မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပြသနေတာပဲဖြစ်ပါတယ်။

သတင်းအဖွဲ့

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026
AnnouncementsExplore more >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Posted on Jan 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Posted on Jan 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က...

Posted on Jan 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ