တပ်မတော်စစ်ကြောင်းများက KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား ပြန်လည်တိုက်ခိုက် ထိန်းချုပ်

တပ်မတော်စစ်ကြောင်းများက KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား ပြန်လည်တိုက်ခိုက် ထိန်းချုပ်


Ministry of Information/ Naypyitaw / February 15, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားပြီး အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်လျက်ရှိသည့် ဒေသများ၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ပြီး ပြန်လည်ထိန်းချုပ်လျက်ရှိရာ KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ကယားပြည်နယ်၊ ဖားဆောင်းမြို့အားလည်း ယနေ့ဖေဖော်ဝါရီ ၁၅ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသခံတိုင်းရင်းသားပြည်သူများ အကြောက်တရားများလွှမ်းမိုးစေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပြီး ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့အားထိန်းချုပ်ရန် တိုက်ပွဲများဖော်ဆောင်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများသည် ဒီးမော့ဆိုမြို့နယ်အတွင်း ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးမြို့၊ ကျေးရွာများတွင် ကျေးရွာသူ၊ ရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်နေရာယူပြီး ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နှိပ်စက်ကာ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်ခြင်းနှင့် ဒေသအတွင်း ဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ပိတ်ဆို့ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး၊ ပိတ်ဆို့ထားသည့်မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရေး “ရန်နိုင်မင်း စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဒီးမော့ဆိုမြို့နှင့် ၎င်းဒေသ တစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဒီးမော့ဆိုမြို့မှ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖားဆောင်းမြို့အား ယာယီစိုးမိုးလျက် ဖားဆောင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် အဆုံးအဖြတ်တိုက်ပွဲအဖြစ် နယ်မြေခံတပ်ရင်းဌာနချုပ်များအား ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်နှင့် ၃၀ ရက်တွင်လည်းကောင်း၊ ဇူလိုင်လ ၅ ရက်နှင့် ၇ ရက်တွင်လည်းကောင်း၊ စုစုပေါင်းတိုက်ပွဲကြီး ၄ ကြိမ်ဖြင့် အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သော်လည်း အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအနေဖြင့် မိမိတပ် ရန်သူ့လက်သို့ ကျရောက်မှုမရှိစေရေးအတွက် လှေခွက်ချည်းကျန် အလှံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါတပ်ရင်းဌာနချုပ်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရပြီး ဖားဆောင်းမြို့ကိုသာ အဝေးမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ယာယီစိုးမိုးထားခဲ့ပြီး အဓိကအမာခံအဖွဲ့များက တပ်မတော်စစ်ကူစစ်ကြောင်း အဓိကလာမည့်နေရာများ၌ အဆင့်ဆင့်ပိတ်ဆို့ခြင်းဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်တွင် တိုက်ပွဲကြီး/ငယ် ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၁ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှစ၍ ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်း၏ အနောက်ဘက်ခြမ်းမှစတင်ပြီး အဆင့်ဆင့်ခြေကုပ်ယူ၍ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ထူးချောင်းတံတားနေရာတစ်ဝိုက်အား နိုဝင်ဘာ ၂၇ ရက်တွင် ဦးစွာထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို စစ်နည်းဗျူဟာမြောက်စစ်ကြောင်းများခွဲ၍ တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အမာခံကျေးရွာကြီးများဖြစ်သည့် နမ့်ကစ်ကျေးရွာနှင့် ပါပုကျေးရွာတို့အား ခက်ခက်ခဲခဲတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးမှ ဖားဆောင်းမြို့သို့ ဆက်လက်ရှင်းလင်းချီတက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် ယနေ့တွင် ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက အပြီးတိုင် ပြန်လည်သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့သည်။

ထိုသို့ ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ အကြမ်းဖက်သမားရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး အချို့ထိခိုက်/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖားဆောင်းမြို့အား ယာယီစိုးမိုးထားစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံ/ဆေးခန်းများနှင့် လူနေအိမ်များအား အကာကွယ်ယူ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ၊ လူနေ/အိမ်အဆောက်အအုံ များအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်း များပေါ်၌ မိုင်းထောင်ခြင်း၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် အဆောက်အအုံများနှင့် လူနေအိမ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အမြန်ဆုံး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ တပ်မတော်စစ်ကြောင်းများက ဖားဆောင်းမြို့အား ပြန်လည်သိမ်း ပိုက်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ဆက်သွယ်ရေးလမ်းမကြီးအား မကြာမီအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းမကြီးအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


Posted on Feb 14, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Posted on Feb 13, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 11, 2026
AnnouncementsExplore more >

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Posted on Feb 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Posted on Feb 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Feb 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။