တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / January 25, 2025
နေပြည်တော် ဇန်နဝါရီ ၂၄
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပုလဲကျွန်း၌အခြေပြု၍ ပုလဲကျွန်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၂၀ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂ ဦး၊ ကလေးရောဂါ ၂၀၊ အရိုးရောဂါ ၅၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၀ ဦး၊ မျက်စိရောဂါ ၅၉ ဦးနှင့် သွား နှင့် ခံတွင်းရောဂါ ၃၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းတို့အနက် အထွေထွေခွဲစိတ်လူနာ လေးဦး၊ မျက်စိခွဲစိတ်လူနာ လေးဦး၊ ဓာတ်မှန်ရိုက်လူနာ ငါးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၀ တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့်လူနာ နှစ်ဦးတို့ကိုနီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်။
အမျိုးသား
အရင်က ကျွန်တော်မြိတ်မြို့မှာ ပြပါတယ်။ အခုမြိတ်ထိသွားစရာမလိုဘဲ ပုလဲကျွန်းမှာ ပြရပါတယ်။ ရောဂါက မျက်စိနဲ့ သွေးတိုးအဖြစ်များပါတယ်။ မျက်စိကတော့ ပိုကောင်းလာတယ်။ ကျေးဇူးတင်ပါတယ်။ ဆေးလည်းပေးပါတယ်။ ဆရာဝန်ကတော့ မျက်စိကို နောက်မှ ခွဲစိတ်ပေးမယ်ပြောပါတယ်။ ဆေးတွေလည်း ပေးလိုက်ပါတယ်။
အမျိုးသမီး
ဆီးချိုသွေးချိုလာပြတာပါ။ မြို့ကြီးပြကြီးမသွားရတော့ဘူး။ ခရီးဝေးဝေးမသွားရတော့ဘူးပေါ့။ နောက်ဆုံးမြို့သွားနေရရင် ပိုက်ဆံတွေအများကြီးကုန်မယ်။ ဒီမှာဆိုတော့ ဘာမှကုန်ကျစရိတ်မရှိဘူးပေါ့။ အခုလိုသံလွင်သင်္ဘောမှာပဲ ခါးတွေနာလို့၊ သွားကိုက်လို့ ပြဖူးပါတယ်။ မြို့တွေမသွားရဘဲ ဒီမှာတစ်ခါတည်းပြရတော့ အဆင်ပြေတာပေါ့။ အကုန်လုံးက စေတနာဖြူစင်စွာနဲ့ ကုသပေးပါတယ်။ ကောင်းပါတယ်။ အခုလို ဆေးကုသပေးတဲ့အဖွဲ့ လာရောက်ကုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သတင်းစဉ်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
Posted on Feb 4, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း
Posted on Feb 4, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း