တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပူးပေါင်းပါဝင်

တိုင်းပြည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပူးပေါင်းပါဝင်


Ministry of Information/ Naypyitaw / April 26, 2026
image_latest


နိုင်ငံတော်အစိုးရက PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဥပဒေဘောင်အတွင်းဝင်ရောက်ခြင်း၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်နိုင်ရန်အတွက် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေးအတွက် အသိပေးအကြောင်းကြားလျက်ရှိရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရသည်။

ငြိမ်းချမ်းမှသာ ဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာလုပ်ကိုင်နိုင်မည်ဖြစ်ရာ ယခုကဲ့သို့ ဥပဒေဘောင်အတွင်းသို့ဝင်ရောက် လာကြသည့်အတွက် ဦးစွာအဆိုပါဒေသများတွင် တည်ငြိမ်အေးချမ်းပြီး ဒေသခံပြည်သူများ နှလုံးစိတ်ဝမ်းချမ်းသာ အေးချမ်းသာယာဝပြောတော့မည်ဖြစ်သည်။ ဧပြီ ၂၄ ရက်က ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ PDF အမည်ခံ အမျိုးသား ၄၇၀ နှင့် အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၅၁၇ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြသည်။

ယခင်ကလည်း PDF အမည်ခံ လူငယ်လူရွယ်အမျိုးသား အမျိုးသမီးငယ်တို့သည် ဥပဒေဘောင်အတွင်းသို့ ဆယ်ဂဏန်း၊ ရာဂဏန်းအသုတ်လိုက် အလင်းဝင်ရောက်လာခဲ့ကြရာ ယခုအခါ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်ထောင်နှင့်ချီ၍ မိဘရင်ခွင်တွင်ခိုလှုံကာ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ကြပြီဖြစ်သည်။ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်အများစုသည် မိသားစုဝင် မိဘဆွေမျိုးများအား အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်၍ အဓမ္မစုဆောင်းခံရသူများဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက မေတ္တာစေတနာထား၍ အလင်းဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ရာ စွန့်လွှတ်စွန့်စား၍ ဥပဒေဘောင်အတွင်း ရောက်ရှိလာကြသူများဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နိုင်ငံ၏အချို့သော နေရာဒေသများတွင် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံ ကျူးလွန်နေကြသည်ကိုတွေ့ရှိရပြီး အများစုအနေဖြင့် ဆက်ကြေးများ၊ ဂိတ်ကြေးများတောင်းခံခြင်း၊ ဒေသအလိုက်ထွက်ရှိသော သစ်တောသယံဇာတပစ္စည်းများ၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများကို တရားမဝင်ထုတ်ယူ၍ ၎င်းတို့ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြသည်။ PDF အကြမ်းဖက်အောက်တွင် ရောက်ရှိနေကြသော လူငယ်လူရွယ်မောင်မယ်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းတို့အဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မကျူးလွန်ခြင်းစသည်တို့ကြောင့် အလင်းဝင်ရောက်လာကြ ခြင်းဖြစ်သည်။

ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်စွမ်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုပေးဆပ်လိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် မမျှော်လင့်ဘဲ အကြမ်းဖက်လမ်းစဉ်သို့ရောက်ပြီး အမှန်တရားကိုနားလည်လာသည့် လူငယ်မောင်မယ်များကို နွေးထွေးပျူငှာစွာ လက်ခံကြိုဆိုပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခြင်း၊ အခက်အခဲလိုအပ်ချက်များကို ကူညီပေးခြင်းတို့ကြောင့် အဆိုပါလူငယ်များမှာ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်။

ယခုအခါ တစ်သုတ်ပြီးတစ်သုတ် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ အမြောက်အမြားကျန်ရှိနေသေးသည်ဟုသိရသည်။ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်ထိုက်တန်တန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ PDF အမည်ခံ လူငယ်လူရွယ်များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ကိုယ်တိုင်တွေ့ကြုံခံစားကြရပြီး မှားယွင်းသောလုပ်ရပ်များကို သိမြင်ကာ နိုင်ငံတော် အစိုးရနှင့်တပ်မတော်ကထားရှိသည့်စေတနာများကို နားလည်သဘောပေါက်ပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာမှုများကို ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသလို ကျန်ရှိသောလူငယ်မောင်မယ်များအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ဆက်လက် ဝင်ရောက်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆