တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ


Ministry of Information/ Naypyitaw / September 18, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရှင်းလင်းဆောင်၌ ဘုရားကြီးဂေါပကအဖွဲ့ဝင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော် ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်ခဲ့မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်းကပ်လှူပူဇော်ကာ ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြုတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများ၊ ပုံစံငယ်များနှင့် ရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Posted on Sep 18, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 17, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

Posted on Sep 18, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Sep 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Posted on Sep 18, 2025

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း