ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဧရာဝတီမြစ်ရေတိုက်စား ကမ်းပြိုမှုကာကွယ်ရေး ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဧရာဝတီမြစ်ရေတိုက်စား ကမ်းပြိုမှုကာကွယ်ရေး ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / February 09, 2025

ရန်ကုန် ဖေဖော်ဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းပါး အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အလေးထားဆောင်ရွက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်ဖြင့်ကြည့်ရှုစစ်ဆေးစဉ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသောလုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
အမြန်ဆုံးအကောင်အထည်ဖော်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အုန်းကုန်းကျေးရွာ ရေတိုက်စားကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့်အစီအမံများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထိရောက်အကျိုးရှိစေသည့် ရေရှည်အစီအမံများ (Master Plan) သေချာလေ့လာရေးဆွဲပြီး အမြန် ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
Posted on Mar 13, 2025နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Posted on Mar 11, 2025မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Posted on Mar 11, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။