ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 23, 2025

နေပြည်တော် မေ ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး ဇွန်လတွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ပင်မဆောင်၊ စာသင်ခန်းများနှင့် Lab ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Survey Camp ဆင်းနေသော တတိယနှစ် မြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာရပ်ပိုင်းဆိုင်ရာများအား ကြိုးစားကြရန်၊ လက်တွေ့နှင့် စာတွေ့ပေါင်းစပ် နိုင်ရေးအတွက်လည်း ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ခြင်းများမှာ ကောင်းမွန်ကြောင်း၊ ခေတ်မီ Software များ အသုံးချနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် နေရောင်ခြည်အလင်းစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်း၊ Myan-mar-Japan Technological Development Center-1 နှင့် Myanmar - Japan Technolo-gical Development Center-2 သို့ရောက်ရှိပြီး Polytechnic University (မအူပင်)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(တောင်ငူ)တို့မှ Internship ဆင်းနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှာ အရေးကြီးကြောင်း၊ ဤ ဓာတ်ခွဲခန်းတွင် Solar ပြားများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် များကို တိုင်းတာနိုင်ရန်အတွက် တည်ထောင်ထားခြင်းဖြစ်ပြီး သေချာစွာလေ့လာကြရန် လိုအပ် ကြောင်း၊ အနာဂတ်စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သောကြောင့် ကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီး လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လေးထပ်ခွဲ ဗိသုကာဌာနဆောင် တည်ဆောက်ရေးလုပ်ငန်း ခွင်နှင့် ဘောလုံးကွင်းတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး ကျောင်းအနီးဝန်းကျင်များကို ဥပဓိရုပ်တင့်တယ်ကာ သန့်ရှင်း သပ်ရပ်သာယာလှပရေး ဆောင်ရွက်ထားရှိမှုများနှင့် တက္ကသိုလ်အဝင်ပင်မဂိတ်၊ ရုရှား - မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကျောက်စာတိုင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကြောင်း သိရသည်။
သတင်းစဉ်
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
Posted on May 23, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် နေ့သင်တန်းများ ဖွင့်လှစ်ကြောင်းကြေညာခြင်း
Posted on May 22, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on May 14, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း