ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနား တက်ရောက်

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနား တက်ရောက်


Ministry of Information/ Naypyitaw / August 31, 2024
image_latest


နေပြည်တော် ဩဂုတ် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသား ကျောင်းသူများက ဆီဆေး၊ ရေဆေး၊ Acrylic တို့ဖြင့် ရေးဆွဲထားသည့် ဂျိမ်းဖောပျိုဖြူ၊ လင်းရိပ်သံသာ၊ အမရပူရခေတ်ဖွားတော်မူခန်း၊ လုံမပျိုငယ် ဗိုင်းငင်မယ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူခန်း၊ ရောင်စုံငှက်ငယ်၊ ခေတ် (၅) ခေတ်မှတူစုံအလှပန်းချီကား၊ မဟာဝိဇ္ဇာတန်းမှ ကျောင်းသူများ ရေးဆွဲထားသည့် ချိုချိုချဉ်ချဉ်ရသာစုံလင်၊ သက်ငြိမ်အလှ(၁)၊ သက်ငြိမ် အလှ(၂)၊ ပြေပြစ်လှပခြင်း၊ ပျူရတနာ၊ ရတနာဆင့်ကာ တင့်သည့်ညိုပြာ၊ ကိုးပါးရတနာ စသည့်ပန်းချီ လက်ရာမွန် ၁၄ ကားနှင့် ပန်းပုပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသားက ဖိုက်ဘာဖြင့် ပုံဖော်ထုဆစ်ထားသည့် သံစဉ်ပျို၊ မဟာဝိဇ္ဇာတန်းကျောင်းသားက ပလာစတာဖြင့် ပုံဖော်ထုဆစ်ထားသည့် အဲလ်ဘတ်အိုင်းစတိုင်း၊ ပန်းတိုင်သို့ စုစုပေါင်းပန်းပုလက်ရာမွန် သုံးခုတို့ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများဖြစ်သော ပြည်ကန်တော်အလှ နတ်မောင်နှမယိမ်းအက၊ ပဏာမဧည့်ခံဂီတသံ (အမျိုးသား+အမျိုးသမီးမင်္ဂလာဆိုင်း)၊ တေးဂီတအမွေမန္တလာမြေ (လူချွန်လူကောင်း)၊ ပေါင်းစည်းခြင်းရဲ့အလှ၊ လှပစီရီအက ပန်းချီယိမ်းအက၊ ထိန်းသိမ်းစို့လေ ယဉ်ကျေးမှုအမွေ (ကျောင်းဆင်းဂုဏ်ပြုတေး-ဂီတ+သဘင်)၊ ကကြိုးစုံလင်မင်းသားအသွင် ယိမ်းအက၊ စည်းလုံးစွမ်းပကား တို့အင်အား (ရုပ်သေး)၊ စုစည်းတီးက သွေးချင်းအလှ (ဂီတ+သဘင်)၊ မင်းကနောင်နှင့် ချစ်ခြင်းမေတ္တာ၊ ဖြစ်ချင်အုံးဟဲ့ . . . မင်းသား (ပြဇာတ်)၊ ဆာယာအန္တိ (ကျောင်းဆင်းလက်ရာမွန်ဇာတ်ကား) တို့ကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
AnnouncementsExplore more >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,