ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး၍ အခြေခံပညာဆရာ ဆရာမများနှင့်တွေ့ဆုံ

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး၍ အခြေခံပညာဆရာ ဆရာမများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / March 13, 2026
image_latest


နေပြည်တော် မတ် ၁၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် စဉ့်ကိုင်မြို့နယ်(ဘယ်လင်း) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်း စွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင် ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မိဘပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျေးဇူးတင်စကား ပြောကြားကာ စာမေးပွဲကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၂၇) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ ကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူးများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ် အမှတ်(၁၅) အခြေခံ ပညာ အထက်တန်းကျောင်းရှိ သိင်္ဂီဆောင်ခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာ ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်အခြေခံပညာ ဆရာ ဆရာမများ အားတွေ့ဆုံ၍ အခြေခံပညာကဏ္ဍ သည်အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်စေရေး အလေးထားလိုက်နာကြရန် လိုပါကြောင်း၊ သတ်မှတ်ထား သည့် ဝတ်စားဆင်ယင်မှုစည်းကမ်းများ လိုက်နာကြရန်လိုအပ်ကြောင်း မှာကြားကာ ဆရာ ဆရာမများအတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026
AnnouncementsExplore more >

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း

Posted on Mar 15, 2026

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း