ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကွင်းဆင်းကြည့်ရှု

ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကွင်းဆင်းကြည့်ရှု


Ministry of Information/ Naypyitaw / June 04, 2026
image_latest


မန္တလေး ဇွန် ၃

ကိုယ့်အားကိုယ်ကိုး အေးသာယာကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်ရှိ အဆိုပါလမ်း၌ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ လမ်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အရိပ်မထွက်ဘုရားနှင့် ဘုရားနီဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါ ကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ရေးဆွဲထားသည့် ရှေးဟောင်းအဆောက်အအုံများ၊ ဘုရား၊ စေတီများနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုပြင်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026
AnnouncementsExplore more >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။