ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၅ ) ဖွင့်လှစ်

ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၅ ) ဖွင့်လှစ်


Ministry of Information/ Naypyitaw / October 29, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် ( ၂ / ၂၀၂၅ ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပပေးရန်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ်အပြင် FPTP စနစ်၏အားသာချက်နှင့် PR စနစ်၏ ကောင်းကျိုးများကို ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကိုပါ အသုံးပြုသွားမည်ဖြစ်ကြောင်း။

ကြိုတင်မဲများမှလွဲပြီး ရွေးကောက်ပွဲနေ့ မဲရုံများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် တစ်နိုင်ငံလုံးရှိ မဲရုံအားလုံးတွင် လွှတ်တော်အသီးသီးအတွက် လွယ်ကူရိုးရှင်းစွာ မဲပေးရမည် ဖြစ်ကြောင်း၊ MEVM စက်များဖြင့် အများပြည်သူရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ မဲပေးဆောင်ရွက်ခြင်းဖြင့် မဲမသမာမှုများ မဖြစ်နိုင်သည့်အပြင် မဲရလဒ်များကိုလည်း အချိန်တိုအတွင်း တိကျမှန်ကန်စွာ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ ပယ်မဲများ မရှိသဖြင့် မဲဆန္ဒရှင်များနှင့် ကိုယ်စား လှယ်လောင်းများအတွက် များစွာအကျိုးသက်ရောက်မှုရှိကြောင်း၊ MEVM မဲပေးစက်မှာ မြန်မာစံချိန်စံညွှန်းဖြစ်သော MMS 63:2025 မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီစစ်ဆေးပြီးဖြစ်၍ အရည်အသွေးကိုက်ညီမှုထောက်ခံချက် (Certificate of Conformity - CoC) နှင့် မြန်မာစံချိန်စံညွှန်းအမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့်လိုင်စင်ရရှိထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲပေးစက်နှင့် စပ်လျဉ်း၍ ရပ်ကွက်/ ကျေးရွာအဆင့်အထိ မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါကြောင်း။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် မဲစာရင်းများ ကပ်ထားကြေညာချိန်တွင် သွားရောက်ကြည့်ရှု၍ မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ မပါသင့်သူများ ပါဝင်နေပါက ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်းမပြုမီ သက်ဆိုင်ရာဌာနများ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုဝင်ဘာလတွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လာရောက်ကြည့်ရှု၍ ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်နိုင်ပါကြောင်း၊ နောက်ဆုံးအကြိမ်အနေဖြင့် ဒီဇင်ဘာလအတွင်း ကပ်ထားကြေညာပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် အတည်ပြု မဲစာရင်းရရှိမည်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာနေရသည့် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ စနစ်တကျ ကြိုတင်မဲပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၅၁ ပါတီ၊ စုစုပေါင်း ၅၇ ပါတီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားပါကြောင်း။

ယခုဆိုလျှင် ရွေးကောက်ပွဲအပိုင်း (၁) စတင်ကျင်းပရန် ၆၁ ရက်သာ လိုတော့ပြီး ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ရွေးကောက်ပွဲလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန် ယခုကဲ့သို့ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည့်အတွက် အလေးအနက်ထား သင်ယူမှတ်သားကြရန် တိုက်တွန်းမှာကြားသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Posted on Oct 25, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Posted on Oct 24, 2025
AnnouncementsExplore more >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Posted on Oct 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Posted on Oct 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

HOT NEWS
January 4,