နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းတွင် ဖွင့်လှစ်လျှက်ရှိသော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁ဝ)မှ သင်တန်းသား/ သင်တန်းသူများအား သွားရောက်တွေ့ဆုံ
နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းတွင် ဖွင့်လှစ်လျှက်ရှိသော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁ဝ)မှ သင်တန်းသား/ သင်တန်းသူများအား သွားရောက်တွေ့ဆုံ
Ministry of Information/ Naypyitaw / May 11, 2026
နေပြည်တော် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)၌ တက်ရောက်လျှက်ရှိသည့် သင်တန်းသား/ သင်တန်းသူများ၏ သင်ခန်းစာသင်ကြားပို့ချသင်ယူနေမှုများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းသား/ သင်တန်းသူများအား အမှာစကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ သင်ခန်းစာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026
