နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) သင်တန်းဆင်းပွဲ ကျင်းပ
နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂) အပိုင်း(၁) သင်တန်းဆင်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / July 11, 2025

နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂)အပိုင်း(၁) (Diploma in IFRS ၊ Batch-2 ၊ Level-I) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက်လာနိုင်ပြီး ပိုမိုကောင်းမွန်သော တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေး အစီရင်ခံစာများကို ရေးဆွဲနိုင်ခြင်း၊ မိမိလုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေနှင့် လုပ်ငန်းဆောင်တာ အခြေအနေများကို အခြားလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် လေ့လာစိစစ်သုံးသပ်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေခြင်း၊ သင်တန်းမှသိရှိထားသည့် အသိပညာများသာမက ခေတ်ကာလနှင့်အညီ စာရင်းစံဆိုင်ရာ ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် ဆက်လက်ဆည်းပူးရခြင်း၊ လုပ်ငန်းနယ်ပယ်တွင် လက်တွေ့အသုံးချခြင်း၊ ဌာနရှိဝန်ထမ်းများအား ပြန်လည်မျှဝေပေးခြင်းတို့ဖြင့်ဌာနအကျိုး၊ နိုင်ငံ့အကျိုးပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသားကိုးဦး၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၂၈ ဦး စုစုပေါင်းသင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့ပြီး အပိုင်း(၃)အထိ အောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
Posted on Jul 10, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း
Posted on Jul 9, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း