နိုင်ငံ့စီးပွားမြှင့်တင်ရေး MSME လုပ်ငန်းများ အားပေး

နိုင်ငံ့စီးပွားမြှင့်တင်ရေး MSME လုပ်ငန်းများ အားပေး


Ministry of Information/ Naypyitaw / July 12, 2025
image_latest


ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ၏ ဖြစ်စဉ်ကိုကြည့်လျှင် နိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများသည် အခြေခံကျသည့် တွန်းအားများဖြစ်ကြောင်း တွေ့ရသည်။ MSME လုပ်ငန်းများသည် စီးပွားရေးကို နိုင်ငံအနှံ့တိုးတက်စေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများကို မြှင့်တင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများစေလျက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်သည့်အပြင် နိုင်ငံ့စီးပွားကို မြှင့်တင်ပေးနိုင်သည်။

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် MSME လုပ်ငန်းများမှာ အစောပိုင်းကတည်းက ပေါ်ထွန်းခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ်ခန့််မှစပြီး အားပေးဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အတိုင်းအတာတစ်ခုအထိ လုပ်ငန်းများလည်ပတ်ကာ အောင်မြင်မှုများရရှိနေသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံတကာတွင် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ အားနည်းချက်၊ လိုအပ်ချက်များရှိနေသေးသည်။ မြန်မာနိုင်ငံမှ MSME လုပ်ငန်းများကို ကြည့်လျှင် အများစုသည် စားသောက်ကုန်များဖြစ်နေသည်ကို တွေ့ရပြီး အခြားဈေးကွက်ဝင်ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ လယ်ယာလုပ်ငန်းသုံး ထုတ်ကုန်များ ထုတ်လုပ်ရန်လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်၏ စီးပွားတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် “မိမိတို့အနေဖြင့် MSME လုပ်ငန်းများ အားပေးဆောင်ရွက်ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများကို အဓိကထား၍ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ဈေးကွက်လိုအပ်ချက်ရှိသည့် ထုတ်ကုန်များကို အဓိကထား၍ ပမာဏများများဖြင့် အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနိုင်ရန် လိုအပ်ကြောင်းနှင့် ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးကို ဥပမာများဖြင့် လမ်းညွှန်ပြောကြားသွားခဲ့သည်။

ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ကိုယ်တိုင်ပြုပြင်ပြောင်းလဲပြီး ကိုယ်တိုင်ထုတ်လုပ်သည့် ထုတ်ကုန်များရှိသကဲ့သို့ သဘာဝမှ ဖန်တီးပေးထားသည့်အတိုင်း ထုတ်လုပ်၍ရသည့် ထုတ်ကုန်ပစ္စည်းများလည်းရှိသည်။ ဥပမာအားဖြင့် သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည့် ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများ များစွာထုတ်လုပ်နိုင်မည်ဖြစ်သည်။ သဘာဝထွက်ကုန်များကို အကျိုးရှိရှိပြောင်းလဲအသုံးချနိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေများစွာ ရရှိမည်ဖြစ်သည်။ စိုက်ပျိုးသီးနှံများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ဝါစိုက်ဧက ငါးသိန်းခန့်ရှိသည်။ ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူများစွာဖြစ်စေနိုင်သည်။ “ဝါသီးနှံသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းသည့် သီးနှံတစ်ခုဖြစ်သဖြင့် အားပေးတိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝါနှင့် ဝါးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကလုပ်ငန်းများအဖြစ် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အကြံပြုထားသည်။

ပြည်ပသွင်းကုန်အစားထိုးရန်၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားငွေရှာဖွေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများရရှိရေးသည် အရေးကြီးသည့် အချက်ဖြစ်သဖြင့် ဒေသအလိုက်ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဦးစားပေးဆောင်ရွက် စေခြင်းဖြစ်သည်။ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့် လျှပ်စစ်ဓာတ်အားများ ဖြည့်ဆည်းပေးရန်လိုသည်။ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ ပြည့်စုံရန်လိုသည်။

MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး ပုံစံအမျိုးမျိုးသော စီးပွားရေးစနစ်များတွင် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းစုဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ်သည့် ကာလများ၌ပင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းကျောင်းပေးနိုင်စွမ်းရှိသည်။ MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအတွင်း ငွေကြေးစီးဆင်းလည်ပတ်မှုကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၏ အညွှန်းကိန်းတစ်ခုဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ကို တိုးတက်မြင့်မားလာစေသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရေးဆောင်ရွက်ရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အားဖြစ်သဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများ နိုင်ငံတကာနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းမြှင့်တင်အားပေးကြရမည်ဖြစ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


Posted on Jul 11, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025
AnnouncementsExplore more >

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

Posted on Jul 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)

Posted on Jul 10, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)