နိုင်ငံ့အကျိုးပြု ဆိုလာနှင့် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်

နိုင်ငံ့အကျိုးပြု ဆိုလာနှင့် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်


Ministry of Information/ Naypyitaw / January 19, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနရှိ ဆိုလာနှင့် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရလဒ်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်ရှိ ပေါကြွယ်ဝသော ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ရင်းမြစ်များကို “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြ စို့” အမျိုးသားရေးဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်သာယာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု Agro-based Industries နှင့် MSME များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရန်အတွက် တီထွင်ဆန်းသစ်နည်းပညာ သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များကို ဆက်စပ်ဌာနများ၊ MSME များတွင် အမှန်တကယ်အကျိုးရှိစွာသုံးစွဲနိုင်ရေး ဆက်လက်ဖြန့်ဝေလွှဲပြောင်းသွားရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Wind Tunnel မှရရှိသော လေအားအရင်းအမြစ်ဖြင့် ဒေါင်လိုက်ဝင်ရိုး (Vertical Axis) ကြောင်လိမ်လှေကားပုံစံ (Helical Design) တာဘိုင်အပါအဝင် အသေးစားလေအားလျှပ်စစ် သုတေသနလုပ်ငန်းများ စမ်းသပ်ဆောင်ရွက်နေမှုနှင့် ရလဒ်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ရေရှည် ကြံ့ခိုင်မှုရှိသောဒီဇိုင်းဖြစ်ရန်၊ တာဘိုင်များ ထပ်မံတိုးချဲ့ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ရရှိသည့် လျှပ်စစ်စွမ်းအား၏ အရည်အသွေး (Power Quality) ကောင်းမွန်ရေး စနစ်တကျထိန်းချုပ် ဆောင်ရွက်ရန်၊ လျှပ်စစ်ရေတင်စနစ်များတွင် စမ်းသပ်တပ်ဆင်သုံးစွဲရန်၊ ပြင်ပသဘာဝပတ်ဝန်းကျင်ရှိ သင့်လျော်သည့် နေရာများတွင်ပါ လက်တွေ့ကျကျ စမ်းသပ်တပ်ဆင်ကြည့်ရန် မှာကြားသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဖြင့် ပူးပေါင်းဆောင်ရွက်ထားသော နေရောင်ခြည်စွမ်းအင်ပြခန်းစင်တာသို့ ရောက်ရှိ၍ စင်တာအတွင်းပြသထားသော ဆိုလာပြားနှင့် ဆိုလာစနစ်အမျိုးမျိုး၊ ဆိုလာ EV Charging Station၊ Smart City စနစ်အပါအဝင် ပြကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နည်းပညာဆိုင်ရာလိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စင်တာအပြင်ဘက်၌ ဆိုလာရေတင်စနစ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် သုတေသနပူးပေါင်း ဆောင်ရွက်နေသော MSME ဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်ရေး သီးနှံများကို ဆိုလာစွမ်းအင်ဖြင့် တစ်ပိုင်တစ်နိုင်အခြောက်လှန်းနိုင်သော တန်ဖိုးနည်း Portable Solar Dryer သုတေသနလုပ်ငန်းရလဒ်များကို ကြည့်ရှုစစ်ဆေးကာ နည်းပညာဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026
AnnouncementsExplore more >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Posted on Jan 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Posted on Jan 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က...

Posted on Jan 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ