နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 23, 2025
image_latest


နေပြည်တော် မတ် ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များနှင့်အတူ သပြေကုန်းဈေးရှေ့ ပိတောက်လမ်းမကြီးသို့သွားရောက်ပြီး လမ်းဘေးရေနုတ်မြောင်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သပြေကုန်းဈေးအတွင်း ဈေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး ပျက်စီးမှုများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး၊ လုပ်ငန်းများ အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ ဈေးများပုံမှန်အတိုင်း အမြန်ဆုံး လည်ပတ်ရောင်းချနိုင်ရေးတို့ကို မှာကြားသည်။

ယင်းနောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမဝင်းအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်နိုင်ရန်အတွက် Container House များ တပ်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အောက်ခံခုံတုံးများ စနစ်တကျညီညာမှုရှိအောင် ဆောင်ရွက်ရန်၊ ရေရှည်ခိုင်ခံ့မှုရှိစေရေးအတွက် စနစ်တကျသုံးစွဲ ဆောင်ရွက်ရန်၊ သောက်သုံးရေများနှင့် သန့်စင်ခန်းများလုံလောက်စွာ ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် သဇင် ၅ အဆောင်များနှင့် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၁၀၃ တို့ကို ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြု‌ပြင်ရေးတို့ကို မှာကြားသည်။

ထို့နောက် ဥတ္တရသီရိမြို့နယ်ဇမ္ဗူဒီပရပ်ကွက် ရာဇသင်္ဂဟ အိမ်ရာ ၁ ဝင်းအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေး ပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှု၊ ရာဇဌာနီလမ်းမကြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း (AC)ခင်းကျင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်‌ ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် အပိုင်းလိုက် စနစ်တကျဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ပြီး နေ့ဆိုင်းညဆိုင်းဖြင့် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ပစ္စယာနှင့်ပရိဝုဏ်များ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ၊ Cement grouting ဆောင်ရွက် နေမှု ၊ Backhoe breaker များဖြင့် Soil stabilization ဆောင်ရွက်နေမှုနှင့် မူလရင်ပြင်‌တော်ကြမ်းခင်း ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌကလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ကျွမ်းကျင် ပညာရှင်များနှင့် ပေါင်းစပ်ညှိနှုင်းဆောင်ရွက်ရေးနှင့် မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Posted on May 23, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on May 22, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Posted on May 19, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Posted on May 18, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

HOT NEWS
January 4,