နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်

နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်


Ministry of Information/ Naypyitaw / May 23, 2025
image_latest


နေပြည်တော် မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား တာဝန်ကျဆရာ၊ ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက “ကျောင်းအပ်နှံရေး ရက်သတ္တပတ် မတိုင်ခင်ကတည်းက ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးနဲ့ ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိပါတယ်။ ဒီနေ့ကျောင်း စတင်အပ်နှံရေးနေ့မှာ ယခင်နှစ်က ကျောင်းသားဟောင်းတွေနဲ့ ထပ်မံလာရောက်အပ်နှံတဲ့ ကျောင်းသားတွေ ပိုမိုများပြားတာကိုတွေ့ရပါတယ်။ ကျောင်းပြောင်းလာရောက်အပ်နှံတဲ့ ကျောင်းသား ကျောင်းသူတွေကို အဆင်ပြေစွာ လက်ခံဆောင်ရွက်ပေးနေပါတယ်။ ကျောင်းအပ်နှံရေး အချိန်ကိုတော့ နံနက် ၈ နာရီ ကနေ ညနေ ၃ နာရီအထိ သတ်မှတ်ထားပါတယ်။ အခမဲ့ပညာရေးဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရက အထက်တန်းနဲ့ အလယ်တန်းဆိုရင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း၊ ဘောပင်နှစ်ချောင်း ထောက်ပံ့ပေးပါတယ်။ မူလတန်းဆိုရင် ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံလေးချောင်းနဲ့ ကျောင်းဝတ်စုံ ထောက်ပံ့ပေးပါတယ်။

“မိဘတိုင်းက ကလေးတွေကို “ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နီးစပ်ရာကျောင်းတွေမှာ ကျောင်းအပ်နှံကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့်စည်းကမ်းသတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များ စိုက်ထူထားခြင်း၊ ကျောင်းအပ်ရန်စာသင်ခန်းများပြ စနစ်ပုံဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌လည်း စာသင်ခုံများ စနစ်တကျနေရာချထားခြင်းနှင့် ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။

အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းခိုင်က “မေ ၂၂ ရက်ကနေ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုပြီး ဆောင်ရွက်နေပါတယ်။ ကျောင်းတွေအားလုံး ဇွန် ၂ ရက်မှာ စတင်သင်ကြားခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းပြောင်းလာကြတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံးကို ကျောင်းအပ်လက်ခံဖို့ ညွှန်ကြားထားတာရှိတဲ့အတွက် ကျောင်းသားအဟောင်းရော အသစ်ပါမည်သူမဆို လာရောက်အပ်နှံလို့ရပါတယ်။ လာရောက်အပ်နှံတဲ့ ကျောင်းသားတွေအားလုံးကိုလည်း လက်ခံပေးသွား မှာဖြစ်ပါတယ်။

“Grade-12 စာမေးပွဲပြန်လည်ဖြေဆိုဖို့အတွက် မေ ၂ ရက်က စတင်ပြီး အထက(၆)၊ အထက (၇)နဲ့ အထက(၈)တို့မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၆၀ ကို စခန်းသွင်း လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဆရာ ဆရာမတွေကသင်ကြားခြင်း လုပ်ငန်းတွေကို တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်ပါတယ်။ တနင်္ဂနွေတစ်ရက်မှာတော့ ပြန်လည်လေ့ကျင့်ခြင်းနဲ့ သုံးနာရီမေးခွန်း ဖြေဆိုခြင်းတွေကို ဆောင်ရွက်ပါတယ်။ သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ်အတွက် အထက်တန်းပြ ဆရ ဆရာမတွေက အလှည့်ကျစနစ်နဲ့ သင်ကြားပို့ချပေးလျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရက ကျောင်းသား ကျောင်းသူတွေရဲ့စားရေးနဲ့ နေထိုင်ရေးကိစ္စတွေအားလုံးကို ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဇွန် ၂၁ ရက် စာမေးပွဲနောက်ဆုံးနေ့အထိ စခန်းသွင်းလေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက်လည်း သက်ဆိုင်ရာ မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့် ကျောင်းတက်၊ ကျောင်းဆင်း သွားလာနိုင်ရန်အတွက် ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေက “ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် စတင်သတ်မှတ်လိုက်တဲ့အချိန်မှာပဲ ကျောင်းဧရိယာ သန့်ရှင်းသာယာလှပစေရေးနဲ့ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးတို့အတွက် ကျောင်းဝင်းကျောင်း ပြင်သန့်ရှင်းရေးကို ဆောင်ရွက်ထားပါတယ်။ ကျောင်းသား ကျောင်းသူတွေကို စာသင်ခုံနဲ့ စာသင် ခန်းအဆင်ပြေစေဖို့အတွက်လည်း ဆောင်ရွက်နေပါတယ်။ ကျောင်းအပ်နှံရေးအချိန်ကိုတော့ မိဘတွေက ရုံးဝန်ထမ်းတွေဖြစ်တဲ့အတွက် နံနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီရက်သတ္တပတ်အတွင်း ကျောင်းအပ်နောက်ကျခဲ့လည်း လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံဖို့အတွက် ကျောင်းသားဦးရေ ကန့်သတ်တာမျိုးမရှိဘဲ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေ အဆင်ပြေမယ်ဆိုရင် လာအပ်သမျှကို လက်ခံပေးသွားမှာဖြစ်ပါတယ်။ ကျောင်းဖွင့်ရက်မှာ ကျောင်းသား ကျောင်းသူတွေ စာသင်ခန်းထဲ စာသင်ကြားနိုင်ရေး ဦးတည်ချက်ဖြစ်တဲ့အတွက် ကျောင်းသားအသစ်တွေ ကျောင်းပြောင်း လက်မှတ်အခက်အခဲဖြစ်ခဲ့ရင်လည်း အချိန်ကာလ တစ်ခုအထိ စောင့်ဆိုင်းပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်သင်းက “ကျောင်းဝင်း ကျောင်းပြင်သန့်ရှင်းသာယာလှပရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ထားတဲ့အတွက် ကျောင်းတော်ကြီးက ကျောင်းသား ကျောင်းသူတွေကို လှပတင့်တယ်စွာနဲ့ ကြိုဆိုနေပါ တယ်။ မေ ၂၂ရက်ကနေ ဇွန် ၁ ရက်အထိ ပိတ်ရက်မရှိ နံနက် ၇နာရီကနေ ညနေ ၄ နာရီအထိ ကျောင်းအပ် လက်ခံပေးနေပါပြီ။ ကျောင်းသားအဟောင်းရော ကျောင်းသားအသစ်ပါ ပထမဆုံးရက်မှာ အများအပြားလာရောက်အပ်နှံနေကြတာကို တွေ့ရပါတယ်။ ကျောင်းသားဦးရေ ကန့်သတ်ထားတာမျိုးမရှိဘဲ ဝင်ဆံ့အင်အားအထိ လက်ခံသွားမှာဖြစ်ပါတယ်။

“ကျွန်မကျောင်းမှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမအကြိမ်က ဖြေဆိုခဲ့တဲ့ Grade-12 ကျောင်းသား ကျောင်းသူ ၆၆ ဦးရှိပါတယ်။ အခုဆိုရင် အမှတ်(၅) အခြေခံပညာအထက်ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၆၆ ဦးနဲ့ အထက်တန်းပြ ဆရာ ဆရာမ ၁၄ ဦးက နေ့ဘက်မှာဆိုရင်လည်း စာသင်ကြားပြသ ပြီးတော့ညဘက်ဆိုရင်လည်း Study Guide လုပ်ပေး ပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် အခု ဒုတိယအကြိမ်မှာဆိုရင် စာတွေကို ပိုမိုကြိုးစားပြီး အားရကျေနပ်မှုတွေ ရရှိတယ်လို့ ကြားသိရပါတယ်။

“လူငယ်တွေအနေနဲ့ ပညာရေးကို စဉ်ဆက်မပြတ်သင်ယူသွားမှသာလျှင် အနာဂတ်တိုင်းပြည် အတွက် အားသစ်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအားလုံးဟာ မည်သည့်အခက် အခဲရှိနေပါစေ ကျောင်းတက်ကြပါ။ ကျောင်းပညာကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြပါလို့ တိုက်တွန်း လိုပါတယ်” ဟု ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ ယနေ့တွင် ကျောင်း အပ်နှံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၁၉၁၀၆ ဦး၊ အလယ်တန်းအဆင့် ၌ ၇၇၃၆ ဦးနှင့် အထက်တန်းအဆင့်၌ ၃၆၄၅ ဦး စုစုပေါင်း ၃၀၄၈၇ ဦး လာရောက်အပ်နှံကြကြောင်း သိရသည်။

မျိုးဆက်သစ်၊ ဓာတ်ပုံ-ဖိုးပြည့်စုံ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Posted on May 23, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on May 22, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Posted on May 19, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Posted on May 18, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

HOT NEWS
January 4,