နောင်ချို၊ မိုးမိတ်နှင့်မိုးကုတ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းအမှားများဖြန့်ဝေလျက်ရှိ

နောင်ချို၊ မိုးမိတ်နှင့်မိုးကုတ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းအမှားများဖြန့်ဝေလျက်ရှိ


Ministry of Information/ Naypyitaw / March 12, 2025
image_latest


နေပြည်တော် မတ် ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တို့တွင် မတ် ၅ ရက်မှ ၇ ရက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၈၅ လုံး ပျက်စီးခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ နယ်မြေခံတာဝန်ရှိသူများ၏ ဖြေကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်အနေဖြင့် အဆိုပါနယ်မြေများအတွင်း ခိုအောင်းလှုပ်ရှားလျက်ရှိသည့် အကြမ်းဖက်သမားများ၏ သတင်းများကို တာဝန်သိ ပြည်သူများ၏ အတိအကျသတင်းပေးမှုများအရ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုသာ လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အား မထောက်ခံသော ရဟန်းရှင်လူပြည်သူများအား လက်နက်အားကိုးဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများအားမီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်း ပစ်ခတ်ခြင်းများကို အဆိုပါနယ်မြေတွင် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြို့ရွာများတွင် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်သေဆုံးရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု သတင်းမှားများကိုသာ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။              

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Posted on Mar 08, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Posted on Mar 07, 2025
AnnouncementsExplore more >

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Posted on Mar 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Posted on Mar 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်

Posted on Mar 11, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များကို သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ တိုးမြင့်ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများမှရရှိခဲ့သည့် အောင်မြင်မှုရလဒ်များအတွက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။

HOT NEWS
January 4,