ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
Ministry of Information/ Naypyitaw / May 04, 2026
နေပြည်တော် မေ ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေပထမဆုရရှိသည့် စာရေးသူ အောင်ကြည်ညွန့် (တက္ကသိုလ်) ၏ “မြန်မာနိုင်ငံ၏ လူထုပညာရေး ကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်းတစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပညာရေးသမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ် ၁၉၄၈-၂ဝဝ၂ ကျော် ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေးကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြထားသည်။
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများသည် ကျေးရွာရှိ ကလေးသူငယ်များကို အခမဲ့စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီးများအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈) ခုနှစ်အထိ လူထုပညာရေးစီမံကိန်းအပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေးစီမံကိန်းကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ်ဖော်ပြထားသည်။ ယူနက်စကိုမှချီးမြှင့်သော မိုဟာမက်ရေဇာပါလာဗီဆုနှင့် နိုမာဆုများ ရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်းကျော် စာတတ်မြောက်သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ဒေသခံ ဆရာ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက်များခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင်ဖော်ပြထားသည်။
စာရေးသူကိုယ်တိုင် ‘အ’ သုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသနအရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ကိုယ်တွေ့နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင်သုတေသနကျမ်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေးလောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈၊ အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
