ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက် (၂၁) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက် (၂၁) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / December 11, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

၂၀၂၄ ခုနှစ် ပဉ္မမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အသက် (၂၁) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေး စင် ကစားသမားဟောင်းများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အမှုဆောင်မြန်မာ့ လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်သန်းသန်းက အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်၊ ဒုတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးက အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယနှင့်တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမျိုးသားမီတာ၅၀၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယနှင့်တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အမျိုးသမီး ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက အမျိုးသား ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ချီးမြှင့်သည်။

ဆက်လက်၍ ကျန်ရှိသည့်ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို အားကစားနည်းများအလိုက်ကျင်းပ၍ ဆုရရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဆုများပေးအပ် ချီးမြှင့်ရာ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း ဒေါ်နုနုရီက အမျိုးသမီးမီတာ ၄၀၀ အပြေးပြိုင်ပွဲတွင်ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲ ဝင်များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမျိုးသမီးမီတာ ၄၀၀ လက်ဆင့် ကမ်းအပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဦးသန့်ဇင်က အမျိုးသားမီတာ ၄၀၀ လက်ဆင့်ကမ်းအပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မြန်မာနိုင်ငံပြေးခုန် ပစ်အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်မာမာမင်းက အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အမှုဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်သန်းသန်းက အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမနှင့်ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော် အထိမ်းအမှတ်အရုပ်အား ချီးမြှင့်သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားများကို ဒီဇင်ဘာ ၁၁ ရက်တွင် သတ်မှတ်ထားသည့်အားကစားရုံနှင့် အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,